Chapter 57.2

2.3K 380 3
                                    

Unicode

ဘယ်ကီနဲ့အခြားသူတွေက တိုက်ပွဲအသစ်တစ်ခုထဲ ချက်ချင်းဝင်ရောက်ခဲ့ကြပြီး ကျန်ရှိနေတဲ့သားရဲအားလုံးကို သူတို့က အချိန်တိုအတွင်း သုတ်သင်ပစ်လိုက်တယ်။ သားရဲအလောင်းအစုအဝေးပုံကြီးကို ကြည့်လိုက်မိတော့ လူတိုင်းက သူတို့တကယ်ပဲ အနိုင်ရခဲ့တယ်ဆိုတာကို မယုံကြည်နိုင်ခဲ့ကြဘူး။ဒါက   သားရဲအုပ်ကို တိုက်ခိုက်ရာမှာ ပထမဆုံးအကြိမ်အဖြစ် မိန်းမပျိုတွေပါဝင်ခဲ့ကြတာဖြစ်ပြီး သူတို့က  ဘာထိခိုက်မှုမှမရှိဘဲ အနည်းဆုံး သားရဲကောင်ရေ တစ်ရာ ဒါမှမဟုတ် နှစ်ရာခန့် သတ်ပစ်နိုင်ခဲ့တယ်။ ဒါက အိပ်မက်လိုပဲ။

လူတိုင်းက သူတို့ရဲ့လက်နက်တွေ ပစ်ချလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ကာ ပျော်ရွှင်ကြ၊ ခုန်ကြ၊ ငိုကြပြီး ရယ်ကြတယ်။ သူတို့အနိုင်ရတယ်၊ သူတို့ တကယ်ပဲအနိုင်ရခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့အိမ်ကို ဆောင်းရာသီတိုင်းမှာ ကာကွယ်ဖို့ရာ သူတို့တာဝန်ယူနိုင်ခဲ့ပြီ။

ပိုင်မုက စိတ်လှုပ်ရှားနေတဲ့လူအုပ်ကိုကြည့်လိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ လူတိုင်းအဆင်ပြေတယ်။တကယ်တော့ ဒီလူတွေကို သူမကာကွယ်နိုင်တော့မှာကို သူအမြဲစိုးရိမ်နေခဲ့တာ။သူက ဂူပေါက်ဝကို တိတ်တဆိတ်လျှောက်သွားလိုက်ပြီး သူ့ရှေ့မှာတိုက်ခိုက်နေတဲ့ orcs တွေကို ကြည့်နေတယ်။ တိုက်ပွဲက ပြီးခါနီးနေပြီ။ ပိုင်မုက ရှုပ်ထွေးနေတဲ့ သားရဲတွေကြားထဲက တောက်ပနေတဲ့ ရွှေရောင်ပုံရိပ်ကို ရှာဖွေနေခဲ့တယ်။ အဲ့ဒါက သွေးစွန်းနေတဲ့ ရွှေရောင်ခြင်္သေ့ကို သူမမြင်ခင်ထိပါပဲ။ သွေးတွေကိုမြင်လိုက်တာနဲ့ သူ့နှလုံးသားလေးက အနည်းငယ်နိမ့်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ်က သွေးစွန်းထင်းနေတဲ့ဒဏ်ရာတွေကိုကြည့်ရင်း ဒဏ်ရာရထားလားမရထားဘူးလားဆိုတာကို စတင်စိတ်မပူပဲမနေနိုင်တော့ဘူး။

ဘယ်အချိန်ကစတင်ခဲ့လဲဆိုတာ သူမသိပေမယ့် အဲဒီလူရဲ့အပြုအမူတိုင်းက သူ့နှလုံးသားလေးကို  စတင်သက်ရောက်နေခဲ့ပြီ။ သူ့ရဲ့  ပိုင်မုအပေါ် နူးညံ့သိမ်မွေ့မှုနဲ့ စာနာမှု၊ သူ့ရဲ့ သနားညှာတာမှု၊ သည်းခံမှုတွေက ပိုင်မုရဲ့ အရင်က နာကျင်မှုတွေကို ဖြည်းဖြည်းချင်းမေ့ပစ်နိုင်အောင်လုပ်နိုင်ခဲ့တယ်။ အခု သူ ခဲယ်လ်တစ်ကို သိရတာ တကယ်ကို ကံကောင်းတယ်လို့ သူထင်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now