Chapter 64.1

2.1K 349 3
                                    

Unicode

Chapter 64.1

Erက ဒဏ်ရာရသွားတဲ့ မျိုးနွယ်စု၀င်တွေနဲ့ ဘုရားသခင်ရဲ့ရင်ခွင်ထဲ ပြန်ရောက်သွားတဲ့ စစ်သည်တွေကို ကြည့်ပြီး သူ့နှလုံးသားက ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတယ်။

တောင်ပတ်လမ်းပေါ်က သားရဲတွေကို ရှင်းလင်းဖို့ ဆက်တိုက်ပွဲဝင်နိုင်သေးတဲ့ orcs တွေကို မျိုးနွယ်စုခေါင်းဆောင်ပုကျီက စတင်အမိန့်ပေးလိုက်တယ်။

နမ့်ကို ဂူထဲပို့လာတဲ့အခါမှာ ပိုင်မုရဲ့နှလုံးခုန်နှုန်း က အနည်းငယ်နှေးကွေးသွားတယ်။ ဒီလူက ဧကရာဇ်သားရဲကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်ဖြစ်တယ်။ ခဲယ်လ်တစ်ကတော့ အဆင်ပြေမှာပါ ဟုတ်တယ်မလား။

"ကြီးမြတ်တဲ့စုန်းမ နမ့်ကို ကယ်နိုင်သေးလား" နမ့်ရဲ့ အမေနဲ့ အဖေက သူတို့ရဲ့ ဂုဏ်ယူဖွယ်ရာ သားကိုကြည့်ပြီး ငိုနေခဲ့တယ်။ သူတို့က နမ့်ကို ဒီလို မျိုးပဲ ဆုံးရှုံးလိုက်ရတော့မှာလား။

"ဂျေး နမ့်ရဲ့ဒဏ်ရာက အရမ်းပြင်းထန်တယ် ငါဘာမှမလုပ်ပေးနိုင်ဘူး" ဒီနေ့မှာ တာ့ဝူက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တဲ့လူနာများစွာကို ကုသပေးခဲ့တယ်။သူက နမ့်ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရပြီး နမ့်သေတာကိုတော့ မကြည့်ချင်ပါဘူး။

"ကြိုးစားကြည့်ရအောင် ဒါပေမယ့် သူအသက်ရှင်မယ်လို့တော့ ကျွန်တော်အာမ,မခံနိုင်ဘူး" အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့တဲ့ပိုင်မုက နောက်ဆုံးမှာ ပြောလိုက်တယ်။

ဂျေးက ပိုင်မုကိုကြည့်လိုက်တယ်။ သူ့ရဲ့စိတ်အားငယ်နေတဲ့မျက်၀န်းတွေထဲမှာ မျှော်လင့်ချက်လေးတွေ တရိပ်ရိပ်ပေါ်လာပြီး သူက  စိတ်အားထက်သန်စွာ ပြောခဲ့တယ်။ "ပိုင်မု ငါ့ရဲ့ သနားစရာကောင်းတဲ့ကလေးငယ်ကို ကူညီပေးဖို့ တောင်းပန်ပါတယ် အရင်တုန်းကလို သူမကောင်းလ ရင်တောင် အသက်ရှင်နိုင်သရွေ့ အဆင်ပြေပါတယ်"

"တာ့ဝူ ကျေးဇူးပြုပြီး နမ့်ရဲ့ဒဏ်ရာအတွက် ဆေးပြင်ဆင်ရာမှာ ကူညီပေးပါ ကေစီက ရေနွေးတစ်အိုးကို ယူလာပေး"

ဂျေးက ပိုင်မုရဲ့ညွှန်ကြားမှုအောက်မှာ နမ့်ကို  ပြုတ်ထားတဲ့ နူးညံ့တဲ့အဝတ်နဲ့သုတ်လိုက်ပြီး ဒဏ်ရာကို ကြီးမြတ်တဲ့စုန်းမပေးထားတဲ့ ဆေးရည်နဲ့ သန့်ရှင်းလိုက်တယ်။ သူက သားဖြစ်သူရဲ့ပွင့်နေတဲ့ ဝမ်းဗိုက်ကို ကြည့်လိုက်ပြီး သူ့မျက်ရည်တွေက ပိုပြီးစီးကျလာတော့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now