<ဖတ်စေချင်ပါတယ်>

2.1K 208 17
                                    

Unicode

ကိုယ်ရှင်းလင်းအောင် ပြောထားပါရစေ။အရင်တုန်းကလည်း ကိုယ်ပြောဖူးပါတယ်။ကိုယ့်ရဲ့paid groupလေးက ကလေးတွေ လာ,လာပြောလို့ ဖွင့်ပေးခဲ့တာပါ။ freeဆို ကိုယ်မအားတာနဲ့ ကျန်းမာရေးတွေဘာတွေရှုပ်လာရင် တခါတလေ လ၀က်လောက် updateမလုပ်နိုင်ခဲ့တာတွေ ရှိခဲ့တယ်လေ။ ဒါကြောင့် အော် ငါလည်း paidဖွင့်လိုက်ရင် သူများပိုက်ဆံယူထားတာဆိုတော့ မဖြစ်မနေ အားလပ်တာနဲ့ ဘာသာပြန်ဖြစ်မှာပဲ တွန်းအားဖြစ်မှာပဲဆိုပြီး ဖွင့်ပေးဖြစ်ခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ကိုယ်အများကြီးမယူခဲ့ဘူး ကလေးတွေ မုန့်ဖိုးရနိုင်သလောက်ပဲ ယူခဲ့တာပါ။ မုန့်ဖိုးသိပ်မရတဲ့ကလေးတွေဆိုလည်း ဖတ်ချင်ရင် ကိုယ့်ကိုလာပြော ကိုယ်ဈေးလျှော့ပေးမယ်ဆိုပြီး ပြောဖူးပါတယ်။ တကယ်လည်း လျှော့ပေးတာပါ ၀င်ဖူးတဲ့ကလေးတွေသိမှာပါ။
ကိုယ်က မျက်စိအားသိပ်မကောင်းလို့ ပိုင်မုရော ဖန်းဟယ်ရောဆို အာရုံသိပ်မစိုက်နိုင်တော့ co-translatorတောင် ခေါ်ပြီး ဖန်းဟယ်paid groupကို လုပ်ပေးခဲ့တာပါ။ဟိုတနေ့က fbမှာ ပွဲထပ်ဖြစ်တာတွေ့ပါတယ်။paidနဲ့ ပတ်သက်ပြီး ပြောကြတာတွေပေါ့နော်။နည်းနည်းလေးတော့ စိတ်မကောင်းဖြစ်သွားတယ်။ကိုယ်က စီးပွားဖြစ်လုပ်စားနေတာမဟုတ်သလို ဘာသာပြန်သူတွေက သူခိုးလို့ပါ ပြောကြတာတွေ့တော့ ပြောစရာတောင်မရှိတော့ပါဘူး။ဒရာမာခင်းနေတာမဟုတ်သလို ပန်းနုသွေးနေတာလည်း မဟုတ်ဘူးနော်။ မူရင်းရေးသူတွေကို အားမနာဘူးလား paidဖွင့်ပြီး ပိုက်ဆံယူနေတာတဲ့။ ‌သိချင်လို့ မေးတာပါ။ မူရင်းရေးသူတွေက ပိုက်ဆံတကယ်မရဘူးလား။ ကိုယ်တွေ့တဲ့websiteတော်တော်များများကတော့ coinတွေနဲ့ ပိုက်ဆံသွင်းပြီး ၀ယ်ဖတ်ရတာတွေပါ။chinese rawမှာတောင် unlock တွေခံနေလို့ မဖတ်ရတာတွေအများကြီးပါပဲ။ စာစဉ်တစ်ခုဆို ပိုက်ဆံ10000,20000နီးပါးပေးပြီးတောင် ဖတ်ရတာတဲ့။အဲ့လိုဆိုတိုင်း ဘာသာပြန်သူတိုင်းကို ဝါးလုံးရှည်နဲ့သိမ်းကြုံးပြောမသင့်ဘူးလေနော်။ paidဖွင့်ပေးမယ့် feesနည်းပြီး ကိုယ့်လို ပုံမှန် wpမှာ ပြန်တင်ပေးနေတဲ့ translator အများကြီးပါ။ 'ထောက်ပြသင့်တယ်ထင်လို့ ထောက်ပြတာ မကြိုက်ရင် နောက်ခါ မထောက်ပြဘူးတဲ့' မကြိုက်လို့ ဒီလိုပြောတာမဟုတ်ဘူးလို့ သိစေချင်ပါတယ်။ စိတ်မ‌ဆိုးပါဘူး။တကယ်လည်း ဒါတွေကို ကိုယ်မရေးထားတာအမှန်ပါပဲ။ ဘာသာပြန်သူသက်သက်ဆိုတော့ စိတ်ဆိုးပိုင်ခွင့်ရှိကြပါတယ်။ အခုလည်း ကိုယ့်paid fees ၂၀၀၀က များတယ်ထင်ရင် လာပြောပါ။ ပြောထားပြီးပါပြီနော်၊ ၂၀၀၀မရှိဘူးဆိုတဲ့ကလေးတွေလည်း ကိုယ့်ကိုလာပြောပါ ကိုယ့်ဆီ feesလျှော့ခိုင်းလိုက်လို့ရပါတယ်။ ပိုင်မု paid updateကတော့ မအားလပ်တာတွေရှိခဲ့ရင်တောင် တစ်ပတ်မှာ 3partsတော့ ရအောင် updateပေးပါတယ်။ လက်ရှိမှာ ongoingပါ မပြီးသေးပါဘူး။ chapter 75တော့ ရောက်နေပြီ။ chapter 93နဲ့ completeမှာပါ။ ဖန်းဟယ်ကတော့ extraပါအပါအ၀င် complete သွားပါပြီ။ပြောချင်တာကတော့ ဒါ‌တွေပါပဲ။ စာအရှည်ကြီးကို ဖတ်ပေးလို့ ကျေးဇူးပါ ကလေးတို့ (⁠*⁠˘⁠︶⁠˘⁠*⁠)⁠.⁠。⁠*⁠♡။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now