Chapter 77

2.3K 355 6
                                    

Unicode

Chapter 77.1

သူအိမ်ပြန်ရောက်တဲ့အခါ ပိုင်မုက သူခူးဆွတ်ထားတဲ့ အနီရောင်အသီးလေးတွေကို ယာယီသိမ်းဆည်းထားဖို့အတွက် နေရာလွတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ခဲယ်လ်တစ်နဲ့လိန်းကျယ်က အစိမ်းရောင်ပိုးချည် အမြောက်အမြားကို သွားစုဆောင်းကြပြီး အန်းချီလော့က သူ့ကို အ၀တ်အထည်အဖြစ် ကူညီရက်လုပ်ပေးတယ်။ မူလက သူကိုယ်တိုင် ပြုလုပ်ဖို့တွေးခဲ့ပေမယ့်လည်း သူ့မှာ ရက်လုပ်ခြင်း သီအိုရီပဲရှိပြီး လက်တွေ့လုပ်ဆောင်မှုကတော့ အားလုံးလေထဲကတိမ်တိုက်တွေလိုပါပဲ။

ဒါကြောင့် သူက အမိန့်ပဲပေးဖြစ်ပြီး အခြားအရာတွေကို အန်းချီလော့နဲ့ အခြားသူတွေဆီမှာပဲ ထားခဲ့လိုက်တယ်။ ပိုင်မုက ဒီအတွက် အရမ်းစိတ်ဓာတ်ကျနေပြီး လက်တွေ့လေ့ကျင့်ဖို့ ကြိုးကြိုးစားစား လုပ်ကြည့်ချင်မိတယ်။ဒါပေမယ့် အနုစိတ်လုပ်ရတဲ့အလုပ်တွေကို သူကျွမ်းကျင်တာမဟုတ်တာကြောင့် သူ တခြားတစ်ခုခုပဲ သွားလုပ်နေသင့်တယ်။

အန်းချီလော့ အထည်ကို ယက်လုပ်ပြီးတဲ့အခါ ပိုင်မုက နေရာလွတ်ထဲရှိ အနီရောင်အသီးလေးတွေကို ထုတ်ယူလိုက်ပြီး အရည်ဖြစ်အောင် ခွဲချေလိုက်ပြီးနောက် ရေထည့်ပြီး အပူပေးကာ ပြုတ်လိုက်တယ်။ အိုးထဲမှာ အနီရောင်တောက်တောက်အရည်တွေ လူးလိမ့်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ ပိုင်မုက သေချာပေါက် အလုပ်ဖြစ်မယ်လို့ တွေးလိုက်မိတော့တယ် ။ ထို့နောက် အသီးအနှစ်တွေကို ယူထုတ်လိုက်ပြီး အနှစ်ထဲစိမ်ထားဖို့ အဝတ်စကို ထည့်လိုက်တယ်။

အထည်ကိုပြန်ထုတ်ဖို့ စောင့်နေချိန်မှာတော့ အထည်က အနီရောင်တောက်တောက် ဆေးဆိုးခံထားရပြီးဖြစ်ပါတယ်။အရောင်ကတောက်ပပြီး ပွဲတိုးပုံပေါ်ပေမယ့် အရောင်မှိန်သွားမလားဆိုတာတော့ သူမသိဘူး။ ကံကောင်းထောက်မစွာနဲ့ အခြောက်ခံပြီး လျှော်ဖွပ်ပြီးနောက် ချည်ထည်က အရောင်မမှိန်သွားခဲ့ဘူး။

အန်းချီလော့က မီးတောက်မြေခွေးသားမွေးလိုမျိုး တောက်ပတဲ့ချည်ထည်ကို သဘောကျပြီး သူတွဲဖက်တဲ့အချိန်ကျရင်လည်း ဒီလိုတောက်ပတဲ့အရောင်နဲ့ ချည်ထည်ကို ပြုလုပ်ပြီး သူ၀တ်ဆင်နိုင်မယ်လို့ မျှော်လင့်မိတယ်။ အခုအချိန်မှာ မျိုးနွယ်စုရှိ အဝတ်ချုပ်လုပ်ခြင်းအတွက် အကောင်းဆုံး လက်မှုပညာသည်လေးတွေက အန်းချီလော့နဲ့အယ်လီဖြစ်တယ်။ ပိုင်မုက အယ်လီကိုလည်း ကူညီဖို့ တောင်းဆိုခဲ့ပြီး ဒါပေါ့ သူ အေဘယ်ကိုလည်း ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ပိုင်မုချုပ်လုပ်တဲ့အဝတ်အစားအားလုံးက သူ့ရဲ့ကိုယ်ပိုင်ဝတ်စုံနဲ့ မသင့်တော်တဲ့ ချုပ်ရိုးချုပ်သားတွေချည်းပါပဲ။ ပိုင်မုက သူမျှော်လင့်ထားတဲ့ အဝတ်အစားပုံစံကို ရေးဆွဲခဲ့ပြီး ခဲယ်လ်တစ်ပါ,ပါတဲ့အတွက် စုစုပေါင်း ၀တ်စုံနှစ်စုံပါ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now