Chapter 49.1

2.6K 435 2
                                    

Unicode

နတ်ဘုရားပွဲတော်ပြီးနောက်မှာ မျိုးနွယ်စုတွေက စတင်အလုပ်များလာကြတယ်။ဆောင်းရာသီက နီးသထက်နီးလာပြီး အအေးမမိစေဖို့  တိရစ္ဆာန်သားရေတွေနဲ့ ထင်းအပြင်  သူတို့က အစားအစာအလုံအလောက်ကိုပါ ပြင်ဆင်ထားရမှာဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဆောင်းရာသီကို ရင်ဆိုင်ရင် ပေါ့ဆလို့မရနိုင်ပါဘူး။အပြည့်အ၀ မပြင်ဆင်ထားရင် ပေါ့ဆမှုကြောင့် သေသွားနိုင်တယ်။

ပိုင်မုက နေရာလွတ်ထဲက ကျောက်မီးသွေးတစ်ခြင်း ထုတ်ယူလိုက်ပြီးနောက် ခဲယ်လ်တစ်နဲ့အတူ မျိုးနွယ်စုခေါင်းဆောင်ကို သွားတွေ့တယ်။ သူ ဒီအကြောင်းကို တွေးနေတာကြာပြီ။ဘူမိဗေဒဆိုင်ရာစူးစမ်းရှာဖွေမှုကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သူမသိဘူး။ကျောက်မီးသွေးတွင်းကို ရှာတွေဖို့ပဲ သူမျှော်လင့်နိုင်တယ်။ဒီနည်းနဲ့ ဆောင်းရာသီမှာ အပူရဖို့အတွက် ကျောက်မီးသွေးကို လောင်စာအဖြစ်သုံးလို့ရနိုင်တယ်။

မျိုးနွယ်စုခေါင်းဆောင်ရဲ့အိမ်ကို ရောက်တဲ့အခါ ပိုင်မုက သူ့ရဲ့ရည်ရွယ်ချက်တွေကို ရှင်းပြပြီးနောက် ကျောက်မီးသွေးဘယ်လိုအသုံးပြုရလဲဆိုတာကို မျိုးနွယ်စုခေါင်းဆောင်ကို ပြသခဲ့တယ်။

"မျိုးနွယ်စုခေါင်းဆောင် ကျောက်မီးသွေးက အချိန်အကြာကြီး လောင်ကျွမ်းနိုင်ပြီး အပူချိန်မြင့်မားတယ် ဆောင်းရာသီမှာ အပူဓာတ်ရဖို့အတွက် အရမ်းသင့်တော်တယ် လူတိုင်းကျောက်မီးသွေးရှာပြီး အေးတဲ့ဆောင်းရာသီရောက်ရင် အပူရဖို့အတွက် အဲ့ဒါကိုသုံးစေချင်ပါတယ်"

"ဒါက တကယ်ကောင်းတဲ့အရာပဲ၊ လူတွေကို အဲဒါကိုသွားရှာခိုင်းလိုက်မယ်" ကျောက်မီးသွေးက ကောင်းတယ်လို့ မျိုးနွယ်စုခေါင်းဆောင်က ထင်ပေမယ့်လည်း အရေးတကြီးတော့ မလိုအပ်ပါဘူး။သူတို့ အဲ့ဒါကိုရှာမတွေ့ရင် ထင်းကို မီးရှို့လို့ရနေဆဲဖြစ်တယ်။

ပိုင်မုက ခဏလောက်စဉ်းစားလိုက်ပြီး လူတိုင်းက ဆောင်းရာသီအတွက် အစားအစာပြင်ဆင်ရာမှာ အလုပ်များနေပြီး အချိန်သိပ်မရှိဘူးလို့ ခံစားလိုက်ရတယ်။ ဒါ့အပြင်၊ကျောက်မီးသွေးက ဒီနှစ်ဆောင်းရာသီအတွက် မလိုအပ်သေးပါဘူး။ အဲ့ဒါကိုရှာဖွေဖို့ တစ်ယောက်ယောက်စေလွှတ်ဖို့လည်း မလိုအပ်သေးဘူးလို့ ပိုင်မုခံစားရတယ်။ "အမဲလိုက်ထွက်တဲ့အခါ အဲ့ဒါကိုပိုအာရုံစိုက်ပေးဖို့ လူတိုင်းကို တောင်းဆိုပေးလို့ရတယ်လေ"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now