Chapter 42.2

3.1K 494 5
                                    

Unicode

"လူတွေအရမ်းများတယ်၊ မင်း ငါ့ကိုစဉ်းစားဖို့ အချိန်တစ်ရက်ပေး" နောက်ဆုံးမှာ ပိုင်မုက လက်နက်ချလိုက်တယ်။ ဘယ်လောက်ပြင်ဆင်ရမလဲဆိုတာကို သူမသိဘူး။ ညနေပိုင်းမှာ ခဲယ်လ်တစ်နဲ့ ဆွေးနွေးပြီး မဆုံးဖြတ်ရသေးခင်အထိ စောင့်သင့်တယ်။

"ကောင်းပါပြီ၊ အစ်ကိုကြီးပိုင်မုက စဉ်းစားပြီးရင် ကျွန်တော်တို့ကို ပြောပြနော်" သူတို့သုံးယောက်သားက ကောင်းကောင်းနားလည်ပါတယ်။ နောက်ဆုံးတော့ အခမ်းအနားမှာ လူအများအပြား ပါဝင်ကြမှာဖြစ်ပြီး ဒါကြောင့် အဲဒါကိုတကယ်စဉ်းစားဖို့ လိုပါတယ်။

"ဂျယ်ရီ မင်းအိမ်က တာ့ဝူရဲ့အိမ်နဲ့ နီးတာမဟုတ်ဘူးလား ကျားတောင်ပံOrc က အခု အနီးနားမှာ လှည့်ပတ်သွားလာနေတယ်လို့ ငါကြားတယ် အဲ့ဒါအမှန်ပဲလား" အယ်လီက အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး အတင်းစပြောတော့တယ်။

"ဟုတ်တယ်၊ တနေ့က မျိုးနွယ်စုခေါင်းဆောင်အိမ်သွားတော့ သူ့ကို တွေ့တယ်" ဂျယ်ရီက ခေါင်းညိတ်လိုက်ပြီး ထူးခြားဆန်းကြယ်စွာ ပြောလိုက်တယ်။ ဂျယ်ရီက တွဲဖက်ပွဲအခမ်းအနားကျင်းပမယ့် အခြားမိန်းမပျိုနှစ်ဦးထဲက တစ်ဦးဖြစ်ပြီး တစ်ခြားတယောက်ရဲ့နာမည်က  ကာရီလို့ခေါ်တယ်။

"ဟေ့ သူက မျိုးနွယ်စုခေါင်းဆောင်ရဲ့အိမ်ကို သွားပြီး ကျေးဇူးသွားတင်တာလား" ကာရီက သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ်။

" နီရှီဇ၀ပြောတာ ငါကြားခဲ့တာတော့ သူက သူ့(မျိုးနွယ်စုခေါင်းဆောင်)ကို ကျေးဇူးသွားတင်တဲ့အပြင်  မျိုးနွယ်စုထဲက လူတွေကို အစ်ကိုကြီးပိုင်မု  သင်ပေးတဲ့ အရာတွေကိုကြည့်ဖို့ မျိုးနွယ်စုထဲမှာ ခနလောက် နေပါရစေလို့တောင်းဆိုတယ်တဲ့ သူပြန်သွားပြီးနောက်မှာ လေ့ခာဖို့အတွက် တစ်စုံတစ်ယောက်ကို မျိုးနွယ်စုခေါင်းဆောင်ဆီ ပို့လိုက်မယ်လို့လည်း ပြောသေးတယ်" အန်းချီလော့ရဲ့ လေသံက အနည်းငယ်ဝိရောဓိဖြစ်နေတယ်။ အစ်ကိုကြီးပိုင်မုရဲ့တည်ရှိမှုကို ဒီကျား‌တောင်ပံတွေသိရင် အစ်ကိုကြီးပိုင်မုကို လုယူဖို့ သူတို့လာကြမှာလား ။အနာဂတ်မှာ သူတို့အပြင်ထွက်တဲ့အခါ မအစ်ကိုကြီးပိုင်မုရဲ့နောက်ကို အစ်ကိုကြီးကို လိုက်ခိုင်းရမယ်။ဒါမှ တခြားသူတွေက အခွင့်ကောင်းမယူနိုင်မှာ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now