Chapter 49.2

2.6K 447 2
                                    

Unicode

အားလုံးစီစဉ်ပြီးတဲ့အခါ ဘန်ဆွန်က  လက်ဆောင်တစ်ခုနဲ့အတူ ကေစီကိုသွားတွေ့တယ်။ အိမ်ပြန်ရောက်ပြီးနောက် ဒီချစ်စရာကောင်းတဲ့ မိန်းမပျိုငယ်လေးအကြောင်းကို သူဆက်တွေးနေမိတယ်။ ဒီတစ်ကြိမ် သူပြန်ရောက်လာပြီးနောက် သူ့အတွက် အဝတ်အစားလုပ်ဖို့ လှပတဲ့တိရိစ္ဆာန်သားရေအချို့ကို ယူလာခဲ့တယ်။ တိရိစ္ဆာန်သားရေနဲ့ပြုလုပ်ထားတဲ့ ဒီအဝတ်အစားတွေက ကေစီ၀တ်ရင် ပိုကြည့်ကောင်းနေမှာပဲလို့ ဘန်ဆွန် ထင်တယ်။

ဘန်ဆွန် သူ့ကိုလာတွေ့တာကိုမြင်တော့ ကေစီက အရမ်းပျော်သွားတယ်။‌ ကေစီက ဘန်ဆွန်အပေါ် ကောင်းမွန်တဲ့အမြင်တစ်ခုရှိနေဆဲဖြစ်တယ် ။ ဒါကြောင့် သူယူလာပေးတဲ့ သားရေတွေကိုမြင်တော့ ဝမ်းသာအားရလက်ခံလိုက်တယ်။ ကေစီက သူပေးတဲ့လက်ဆောင်ကို သဘောကျတာမြင်တော့ ဘန်ဆွန်လည်း အရမ်းပျော်သွားတယ်။

"မင်း ဒီကို ခဏလောက်ကြာမှ လာမယ်လို့ ငါထင်ထားတာ"

"ဆောင်းဝင်တော့မယ်လေ အခု  အသားတွေကို ထိန်းသိမ်းဖို့ ကိုယ်တို့အချိန်အများကြီးလိုတယ်"ဘန်ဆွန်က ရှက်ရွံ့စွာ ပြုံးလိုက်တယ်။

"မင်း ဒီကို အခုမှ ရောက်တာ ဒီအချိန်အတောအတွင်း အဆင်ပြေလား အဆင်ပြေရင် အစားအသောက် စုဆောင်းဖို့ ငါနဲ့ လိုက်ခဲ့လေ ငါ မင်းကို အသစ်အဆန်းလေးတွေ သင်ပေးမယ်" ဘန်ဆွန်ကိုတွေ့ရလို့ ကေစီက အရမ်းပျော်နေပေမယ့်လည်း သူက  အလုပ်ကြိုးစားဖို့ မမေ့ခဲ့ပါဘူး။

ဘန်ဆွန်က ခဏလောက်စဉ်းစားလိုက်တယ်။ သူက သူ့မျိုးနွယ်စု သင်ယူတဲ့နေရာမှာ ကူညီပေးချင်ပေမယ့်လည်း ကေစီက သူ့ကို မတူညီတဲ့အရာတစ်ခုကို သင်ပေးချင်တယ်တဲ့။ပြီးတော့ သူကလည်း ကေစီနဲ့အတူရှိရတာကို ကြိုက်တယ်။ဒါကြောင့် ဘန်ဆွန်က ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။

ကျားတောင်ပံမျိုးနွယ်စုဝင်တွေက  စိတ်အားထက်သန်စွာ လေ့လာခဲ့ကြပြီး ကျိုးကျိုးနွံနွံမေးမြန်းကြကာ မျိုးနွယ်စုခေါင်းဆောင်ပေးတဲ့တာဝန်ကို အလျင်အမြန်ပြီးမြောက်စေခဲ့တယ်။ ဒီတစ်ခါ သူတို့ရဲ့ပထမဆုံးတာဝန်က အစားအစာဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို လေ့လာဖို့ဖြစ်ပြီး တခြားပစ္စည်းတွေကိုတော့  နောက်ပိုင်းမှာ လေ့လာနိုင်ပါတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now