Chapter 21.1

4.7K 800 5
                                    

(Unicode)

လူစုက တောထဲကို လျှောက်နေကြပြီး အရွယ်ရောက်ပြီးတဲ့ orcsတချို့က သူတို့ရဲ့အဟုန်ကို လျှော့ချလိုက်ကာ ဘယ်လိုအမဲလိုက်ရမလဲဆိုတာ orcsငယ်လေးတွေကို သင်ပေးဖို့နဲ့ သူတို့ရဲ့ထက်မြတဲ့သွားတွေနဲ့    ခြေသည်းလက်သည်းတွေကို သားကောင်ကိုတိုက်ခိုက်ဖို့ အပြည့်အ၀အသုံးပြုအောင်လုပ်ဖို့   ကြီးမားတဲ့လူစုထဲကနေ နည်းနည်းဝေးတဲ့နေရာဆီ ခေါ်သွားခဲ့တယ်။

သူမတို့ရဲ့အမေနဲ့အဖေတွေနောက်လိုက်လာတဲ့ မိန်းမပျိုငယ်လေးတွေက ပတ်၀န်းကျင်တဝိုက်ကို စိတ်လှုပ်ရှားမှုတွေနဲ့ သိချင်စိတ်ပြင်းပြစွာ လိုက်ကြည့်နေခဲ့ကြတယ်။တောအုပ်ထဲက နေရာတိုင်းက အန္တာရာယ်ရှိပြီး သူတို့က မျိုးနွယ်စု၀င်တွေကို ချန်ထားလို့်မရနိုင်ပါဘူး။အပြင်ထွက်ပြီး လိုက်ကြည့်ဖို့အခွင့်အရေးက ရှားပါးတဲ့အခွင့်အရေးဖြစ်ပြီး သူတို့အားလုံးက အရမ်းစိတ်လှုပ်ရှားနေကြတယ်။

ပိုင်မုက လူစုလူဝေးထဲကို လျှောက်သွားလိုက်တယ်။လိန်းကျယ်က သူတို့ကိုကာကွယ်ဖို့ သူတို့နောက်ကလိုက်လာခဲ့တယ်။တပေါရဲ့အမဲလိုက်စွမ်းရည်ကို သင်ကြားပေးဖို့ ခဲယ်လ်တစ်က အယောက်နှစ်ဆယ်ထက်များတဲ့orcsအုပ်စုဖြစ်တဲ့ငယ်ရွယ်တဲ့ ခြင်္သေ့တွေနဲ့အတူ အင်တင်တင်နဲ့ကျန်နေခဲ့တယ်။

တနာရီနီးပါးကြာအောင် လမ်းလျှောက်ပြီးနောက် သစ်ပင်တွေကို ပိုပြီးများလာတယ်။တခါတရံ ထူးဆန်းတဲ့တိရိစ္ဆာန်ငယ်လေးတွေက ဖြတ်ပြေးနေတာကို ပိုင်မုမြင်ရတယ်။သူက ပန်းရောင်ယုန်တွေ ၊အစိမ်းရောင်ကြွက်တွေနဲ့ ခြေထောက်ရှည်တွေရှိတဲ့မြွေတွေကိုတောင် တွေ့ခဲ့တယ်။သူ မြင်ရတာတွေကို အံ့ဩသွားတယ်။အရင်အကြိမ်အနည်းငယ် တောနက်ထဲမှာ သူရှိခဲ့တုန်းက ‌အတွေးတွေများနေခဲ့ပြီး သူက ကမ္ဘာကြီးကိုတောင် မကြည့်ခဲ့ရဘူး။

"အန်းချီလော့ ကျွန်တော်တို့ဘယ်သွားနေတာလဲ"ပိုင်မုက တောအုပ်ထဲမှာ စားလို့ရတဲ့ဟင်းသီးဟင်းရွက်ရိုင်းတွေအများအပြားကို တွေ့ခဲ့ပေးမယ့် လူတိုင်းက သူတို့ကို ကောက်ယူဖို့မရပ်ခဲ့ကြတဲ့အတွက် တွေးရခက်စွာနဲ့မေးမြန်းလိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now