Chapter 29.3

3.9K 622 16
                                    

(unicode)

စကားပြောရင်းနဲ့ နှစ်ယောက်သားက အရင်က ရွေးထားတဲ့ မြေကွက်ဆီကို လျှောက်သွားခဲ့တယ်။  စမ်းချောင်းအနီးမှာ မြေဆီလွှာနည်းပြီး ကျောက်ခဲတွေ ပိုများတယ်။  သူတို့က စမ်းချောင်းနဲ့ ခပ်လှမ်းလှမ်းက မြေသြဇာကောင်းတဲ့မြေကွက်ကို ရွေးချယ်လိုက်ပြီး စိုက်ပျိုးဖို့စလုပ်လိုက်ကြတယ်။

ခဲယ်လ်တစ်က မြေဆီလွှာကို ဖွလိုက်ပြီး ပိုင်မုက အစီအစဉ်ချထားတဲ့မြေပေါ်က ကျောက်တုံးတွေကို လိုက်ကောက်လိုက်တယ်။  ထို့နောက် ခဲယ်လ်တစ်က မြေကြီးထဲမှာ မြေကြီးအစုအပုံတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ မြေကြီးပုံရဲ့အလယ်မှာ ရေမြောင်းငယ်တစ်ခုကို ဖန်တီးခဲ့တယ်။ ပိုင်မုက မြင့်တဲ့နေရာတွေမှာ ပြင်ဆင်ထားတဲ့ ကန်စွန်းနွယ်ပင်တွေကို စိုက်ပြီး ရေလောင်းခဲ့တယ်။

ကန်စွန်းဥစိုက်ဖို့ တစ်မနက် အချိန်ယူရတယ်။  ဒါကြောင့် နေ့လယ်ခင်းမှာ အရင်က သူတွေ့ခဲ့တဲ့ prickly ash၊ grass fruitsနဲ့ ငရုတ်သီးတွေကို နေရာလွတ်ထဲမှာ အစားထိုးစိုက်ပျိုးဖို့ စစီစဉ်လိုက်တယ်။

နှစ်ယောက်သား နေ့လည်စာစားပြီးနောက် ခဲယ်လ်တစ်နဲ့ ပိုင်မုတို့က နေရာလွတ်ရဲ့ မြေလွတ်မှာ အစားထိုးစိုက်ပျိုးဖို့ ငရုတ်ကောင်းပျိုးပင်တွေကို ပထမဆုံး တွေ့ခဲ့တယ်။ ပိုင်မုက စက်တင်ဘာလထိ စောင့်မယ့်အစား ငရုတ်ကောင်းကို သူမစားနိုင်ခင်မှာ အဲ့ဒါတွေကို  နေရာလွတ်ထဲမှာ အစားထိုး စိုက်ပျိုးချင်ခဲ့တယ်။

Prickly ashပင်ကို အားစိုက်ထုတ်ပြီး တူးထုတ်လိုက်ကာ နေရာလွတ်ထဲရွှေ့ပြီး အိမ်ရှေ့မှာ စိုက်လိုက်တယ်။ Grass fruitကိုလည်း အိမ်ရှေ့က ကွင်းပြင်လွတ်ထဲ စိုက်ထားလိုက်တယ်။

ပိုင်မုက နေရာလွတ်ထဲက သာယာလှပပေမယ့် တိတ်ဆိတ်တဲ့မြင်ကွင်းကို ကြည့်လိုက်ပြီး ခဲယ်လ်တစ်ကို ပြောခဲ့တယ်။ "ခဲယ်လ်တစ် ၊ ခင်ဗျား ကျွန်တော့်ကို နူးညံ့သိမ်မွေ့တဲ့ အပင်စားတိရိစ္ဆာန်တွေ ဖမ်းဖို့ ကူညီပေးပါလား ကျွန်တော် အဲ့ဒါလေးတွေကို စမ်းချောင်းတစ်လျှောက်မှာ မွေးမြူချင်တယ် " နေရာလွတ်ထဲမှာက တောင်ပေါ်ကနေ စီးဆင်းလာတဲ့ လမ်းကြောင်းတစ်ခုက မြေကွက်တွေကို ပိုင်းခြားထားတယ်။ပိုင်မုက အပင်စားတိရိစ္ဆာန်အကောင်ရေအနည်းငယ်ကို ဖမ်းပြီး နေရာ‌လွတ်ထဲမှာ ထားကာ ၎င်းတို့စားလိုတဲ့ အပင်မျိုးစေ့အချို့ကို ကြဲဖို့ စဉ်းစားနေတယ်။နေရာလွတ်ရဲ့ကြီးထွားမှုနှုန်းနဲ့ ၎င်းတို့က အစာများများကျွေးဖို့ မလိုအပ်ပါဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now