Chapter 36.2

3.5K 612 4
                                    

Unicode

ကြည်လင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း ပိုင်မုက လွန်ခဲ့တဲ့ ရက်အနည်းငယ်က   မှုန်မှိုင်းနေတဲ့ ခံစားချက်က ပျောက်ကွယ်သွားတာကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပျော်ရွှင်မှုကြောင့် မူးဝေလာတယ်။ မိုးတိတ်သွားတာကောင်းတယ်။သူ အပြင်ထပ်ထွက်လို့ရပြီ။

"ခဲယ်လ်တစ် မြန်မြန်လုပ်၊ လယ်ကွင်းကို သွားကြည့်ရအောင်" ပိုင်မုက ခဲယ်လ်တစ်ကို အပြင်ထွက်ဖို့ တိုက်တွန်းလိုက်တယ်။ 

"လာပြီ " ခဲယ်လ်တစ်က သူ့ရဲ့ ပေါက်ပြားကို သယ်လိုက်ပြီး၊ ပေါက်ပြားရဲ့ အစွန်း နှစ်ဘက်မှာတော့ ခြင်းတောင်းနှစ်လုံးကို ချိတ်လိုက်တယ်။

အန်းချီလော့က သူ့အဖော်တွေနဲ့  အဝတ်အစားချုပ်လုပ်ရတဲ့အတွေ့အကြုံအကြောင်း ဖလှယ်ဖို့လုပ်နေတယ်။  ခြင်္သေ့လေးက သစ်သားချောင်းငယ်တစ်စည်းကိုယူပြီး ဆော့ကစားဖို့ သူ့သူငယ်ချင်းလေးတွေဆီ အလျင်အမြန်ပြေးသွားခဲ့တယ်။သူက ပိုင်မုရဲ့ခန္ဓာကိုယ်ပေါ်က လျို့ဝှက်ချက်ကို ရှာဖွေချင်ခဲ့ပြီး အခြားသူတွေကို သွားရှာကာ ပြန်လာခဲ့တယ်။ ဒါကို ပိုင်မုက သွယ်ဝိုက်ပြီး သင်ပေးခဲ့တာလို့ပဲ ပြောရမယ်။

သူတို့နှစ်ယောက် မြေပြင်ပေါ်ရောက်လာတော့ ချောင်းထဲက ရေက အရမ်းတက်လာတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် မြေကြီးက ရေမလျှံနေဘူး။  ကုလားပဲ၊ ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ သပွတ်သီး၊ ဘူးသီး၊ ဟင်းနုနွယ်၊ ငရုတ်ကောင်း၊ အာလူး၊ ပဲနီလေး ၊ ကန်စွန်းရွက် စတာတွေကို လယ်ကွင်းထဲမှာ စိုက်ပျိုးထားတယ်။  ဒါတွေအားလုံးကို နေရာလွတ်ထဲကနေ ခိုးထုတ်ပြီး သူတို့ကိုစိုက်ပျိုးဖို့ သူတို့(ခဲယ်လ်တစ်နဲ့ပိုင်မု)အလုပ်ကြိုးစားခဲ့ကြတာပါ။

အခုတော့ အဲ့ဒီဟင်းသီးဟင်းရွက်တွေက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းငယ်ရိုက်ခတ်ခံခဲ့ရတယ်။  လယ်ကွင်းဘေးမှာ MSGပင်တစ်ပင်ကသာ အားနဲ့မာန်နဲ့ ရပ်တည်နေတယ်။ပထမဆုံး စစိုက်တုန်းက အမြင့်တစ်မီတာပဲရှိတဲ့ အပင်ပေါက်လေးပါ။  အခု အမြင့်က နှစ်မီတာကျော်တယ်။  ပိုင်မုက သစ်ပင်တွေရဲ့ ပုံမှန်ကြီးထွားမှုအရ သစ်ပင်လေးက ဒီလောက်မြန်မြန်မကြီးထွားသင့်ဘူးမလားလို့ ခံစားခဲ့ရတယ်။   နေရာလွတ်ထဲက ရေနဲ့ မြေဆီလွှာကြားမှာ ဆက်စပ်မှုရှိလား။ဒါက  နေရာလွတ်ထဲက မြေဆီလွှာနဲ့ ရေကို အနာဂတ်မှာ ဓာတ်မြေသြဇာအဖြစ် အသုံးပြုနိုင်တယ်လို့ ဆိုလိုတာပဲမလား။ 

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now