Chapter 37.2

3.5K 518 5
                                    

Unicode

"အရသာရှိတယ် အစ်ကိုကြီးပိုင်မု၊ နောက်ထပ်တစ်ပန်းကန်လောက်ရှိသေးလား "တပေါက ပန်းကန်လုံးကို ပိုင်မုကို ပေးခဲ့ပေမယ့် ခဲယ်လ်တစ်က လမ်းခုလတ်မှာ တားလိုက်တယ်။

"မင်းဘာသာမင်း ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူးလား" ခဲယ်လ်တစ်က သူ့ကို စိုက်ကြည့်လိုက်တယ်။  တပေါက ချက်ချင်းကို  နာခံမှုရှိစွာနဲ့ သူ့ဘာသာသူ ထယူခဲ့တယ်။ပိုင်မုက သူတို့ကို ရယ်မောရင်း ကြည့်လိုက်တယ်။

  "အစ်ကိုကြီးပိုင်မု မင်းဘယ်လိုချက်ထားတာလဲ"အန်းချီလော့က အရမ်းသိချင်စိတ်ဖြစ်နေတယ်။ အစ်ကိုကြီးပိုင်မုက ဒါကို ဘယ်လိုအရသာရှိအောင် လုပ်ထားတာများလဲ။

"ဒါက အရမ်းရိုးရှင်းပါတယ် ငါးကို အရင်ဆေးကြောရမယ် ငါးရဲ့ဗိုက်ထဲက အလွှာပါးမည်းမည်းကို သန့်စင်ဖို့လိုတယ် အလွှာပါးမည်းမည်းကို မသန့်စင်ခဲ့ရင် မင်းပြောသလို ငါးညှီနံ့တွေ ရလိမ့်မယ်၊ နောက်ပြီး ငါးကိုယ်ထဲက အစိမ်းရောင်ရင့်ရင့်သည်းခြေအိတ်ကို မဖောက်မိစေနဲ့ မဟုတ်ရင် ငါးက ခါးသွားလိမ့်မယ် သန့်စင်ထားတဲ့ငါးကို အစိုဓာတ်ထိန်းထားဖို့အတွက် ရေနည်းနည်းထဲ ထည့်ထားရမယ် ပြီးရင် ဒယ်အိုးထဲ ဆီထည့်ပြီး အိုးထဲကို ကြက်သွန်နီနဲ့ ဂျင်းအတုံးသေးသေးလေးတွေကို မွှေကြော်ရမယ်  ကြက်သွန်နီတွေ အဝါရောင်ပြောင်းပြီး အနံ့မွှေးလာရင် ပွက်ပွက်ဆူနေတဲ့ ရေထည့်ပြီး ငါးကိုယူလိုက် နောက်ဆုံးမှာ ငါးကိုထည့်လိုက်လို့ရပြီ ပွက်ပွက်ဆူလာပြီးရင် မီးလျှော့လိုက်ပြီး ဖြည်းဖြည်းချင်းချက်ရတယ်“

"အရမ်းရှုပ်ထွေးတယ်လို့ ခံစားရတယ်!"အန်းချီလော့က မှုန်ဝါးဝါးပဲ ကြားလိုက်ရတယ်။

  "အဆင်ပြေပါတယ် ၊အပြောနဲ့ကျတော့ ရှုပ်ထွေးတယ်လို့ ခံစားရတယ်မလား နောက်နေ့ကျရင် သင်ပေးမယ်  ဒါပေမယ့် လုပ်ရတာတော့ တကယ် အရမ်းရိုးရှင်းတယ် " ပိုင််မုက ပြုံးလိုက်တယ်။

“ကျားတောင်ပံမျိုးနွယ်စုက orc နိုးလာပြီ သူက မိုးသည်းထဲမှာ   အတွေ့အကြုံယူဖို့ ထွက်လာခဲ့တာလို့ ကြားတယ် သူ အအေးမိပြီး ဖျားတဲ့အချိန် သားရဲရိုင်းတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ် သားရဲရိုင်းတွေနဲ့ တိုက်ခိုက်နေတဲ့အတောအတွင်း တောင်ကျချောင်းနဲ့တိုးပြီး  မြစ်ထဲမှာ ကျသွားတာ ဒါက အရမ်းပြင်းထန်တယ် " လို့ ခဲယ်လ်တစ်က ဒီနေ့ တာ့ဝူဆီက သူသိခဲ့တာတွေကို လူတိုင်းကို ပြောပြခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now