Extra 2

2.9K 363 3
                                    

Unicode

Chapter 92 Extra 2

ကလေးတွေရှိလာပြီးကတည်းက ခဲယ်လ်တစ်တို့မိသားစုက ပိုအလုပ်များလာပြီး ကောင်ငယ်လေးနှစ်ယောက်ကလည်း နည်းနည်းဆူညံတယ်လေ။ နေ့ခင်းဘက်မှာဆို အိပ်နေပြီး ညဘက်ဆိုရင်တော့ ဆူညံနေတတ်လို့ လူတွေကို မလွယ်မကူဖြစ်စေတယ်။ တပေါနဲ့ အန်းချီလော့တို့တောင် မကြာခဏ သူတို့ကြောင့် နိုးသွားတတ်တယ်။ ကံကောင်းထောက်မစွာနဲ့ ကလေးနှစ်ယောက်ကို နေရာလွတ်ထဲ ခေါ်သွားနိုင်တယ်။ ဆောင်းရာသီ ထပ်ရောက်လာပြန်ပြီ။ ညဘက်ဆို အပြင်မှာ အေးလွန်းလှတယ်။

"ဝူး~~" ညသန်းခေါင်မှာ ပိုင်မုက ရွေ့ရွေ့ရဲ့အသံကိုကြားလိုက်ရပြီး သူ့မျက်၀န်းတွေကို ငေးတိငေးကြောင်နဲ့ ဖွင့်လိုက်ရတယ်။ ခဲယ်လ်တစ်က အိပ်ရာကထပြီး ကလေးတွေကို အစားသွားကျွေးတော့မှာ ဖြစ်ပြီး သူအိပ်ယာကမထခင်နိုင်မှာပဲ အန်းအန်းကပါ လိုက်အော်လာတယ်။ "ဝူး~~၀ူး~~"

ဒီကလေးနှစ်ယောက်က သူတို့ဗိုက်ထဲမှာ ရှိနေတုန်းကလိုမျိုး ပြုမူနေကြဆဲပါပဲ။ မွေးလာတဲ့အချိန်ကျတော့ ဘာလို့ မလွယ်မကူဖြစ်လာကြတာလဲ။ ခဲယ်လ်တစ်က ကလေးလေးနှစ်ယောက်ကို တစ်ယောက်တည်း မထိန်းနိုင်ဘူး။ ဘိုးဘေးလေးနှစ်ယောက် ဘာဖြစ်နေတာလဲဆိုတာကို ခဲယ်လ်တစ်ရဲ့နောက်ကြည့်ဖို့ကလွဲလို့ ပိုင်မုမှာ ရွေးချယ်စရာ မရှိတော့ဘူး။

ခဲယ်လ်တစ် အိပ်ရာကနေ ထသွားပြီးနောက် အန်းအန်းက ပုခက်ပေါ်တက်ဖို့ ခက်ခက်ခဲခဲ ကြိးစားနေပြီး ရွေ့ရွေ့ကလည်း အဲ့ဒီအချိန်မှာ သူမရဲ့စောင်သေးသေးလေးကို ကန်ထုတ်ထားကာ သူမရဲ့ ဖြူဖွေးနူးညံ့တဲ့ ခြေဖဝါးလေးတွေက အပြင်ဘက်မှာ ပေါ်နေတာကို သူတွေ့လိုက်ရတော့တယ်။သူက လမ်းလျှောက်လာပြီး ရွေ့ရွေ့ကို ပွေ့ချီလိုက်တော့ သူမလေးက တကယ်ကို စိုစွတ်နေခဲ့တယ်။ သူ့သားရဲဖခင်ရဲ့ရင်ခွင်ထဲ ကောင်ငယ်လေးရောက်သွားတဲ့အခါ သူက ခဲယ်လ်တစ်ကို ကြီးမားတဲ့ အနက်ရောင်မျက်လုံး၀ိုင်းလေးတစ်စုံနဲ့ စိုက်ကြည့်လိုက်ပြီး မငိုတော့ဘဲ ဒါမှမဟုတ် ဒုက္ခမပေးတော့ဘဲ သူ့ကိုပြုံးပြလိုက်တယ်။ ခဲယ်လ်တစ်ကလည်း ပြန်*ပြုံးပြတယ်။သေချာတာပေါ့၊ သူ့သမီးမိန်းမပျိုငယ်လေးက ချစ်စရာအကောင်းဆုံးပဲ။(သူတို့ဆီမှာက မိန်းမ မရှိပဲ ယောက်ျားလေးတွေချည်းမို့ အမြွှာလေးတွေက orcနဲ့ မိန်းမပျိုလေးဆိုပေမယ့် နှစ်ယောက်လုံးကို စာရေးသူက ကောင်‌ငယ်လေးလို့ပဲ သုံးထားတာပါ ။ ပြီးတော့ ခဲယ်လ်တစ် ကလေးကို ပြန်ပြုံးပြတာက ရိုးရိုးအပြုံးမဟုတ်ပဲ ၀မ်ကျောက်စိမ်းလုံး‌ပြုံးသလို ဂုဏ်ဆာပြုံးပါနော် မြင်ယောင်ကြည့်ပါ)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now