Chapter 2.1

11.5K 2.2K 39
                                    

(Unicode)

ရွှေ‌ခြင်္သေ့

ခဲယ်လ်တစ်က သူအပြင်ထွက်လာတာ ဆယ်ရက်လောက်ရှိပြီလို့ ခန့်မှန်းလိုက်တယ်၊ဒါက ပြန်ရမယ့်အချိန်ပဲ။သူက ယူပြန်သွားဖို့လိုတဲ့ သားကောင်နဲ့သားမွေးတွေကို ကျောပေါ်ပစ်တင်လိုက်ပြီးတော့ ထွက်ခွာဖို့ ပြင်ဆင်ခဲ့တယ်။

ခြေလှမ်းသိပ်ပြီးမလှမ်းရသေးခင်မှာပဲ သူက ရုတ်တရက်ရပ်လိုက်ကာ သူ့ခေါင်းကို မြှင့်လိုက်ပြီး အနံခံလိုက်တယ်။လေထဲမှာ ရှင်းမပြနိုင်တဲ့သွေးနံ့နဲ့ မိန်းမပျိုလေးရဲ့အနံ့ဖျော့ဖျော့လေးရှိနေတယ်။တောနက်ထဲမှာ မိန်းမပျိုလေးတစ်ယောက်ရှိနေတာ ထူးဆန်းလွန်းတယ်။သူ အဲ့ဒီကို မြန်မြန်သွားရမယ်။ဒီလိုသွေးနံ့ပြင်းပြင်းက တောထဲက သားရဲတွေကို ဆွဲဆောင်နေလိမ့်မယ်။ မိန်းမပျိုလေးက အန္တာရယ်ရှိတဲ့ အခြေအနေပဲ။

စိမ်းလန်းစိုပြည်နေတဲ့တောအုပ်ထဲက ရွှေဝါရောင်သားမွေးတွေနဲ့ ကြီးမြတ်တဲ့ ခြင်္သေ့ကြီးက ဦးတည်ချက်တစ်ခုကို သွေးရူးသွေးတန်းနဲ့ ပြေးသွားတယ်။ကြီးမားတဲ့သတ္တဝါကြီးတစ်ကောင်ကလည်းပဲ တူညီတဲ့ဦးတည်ချက်တစ်ခုကို သွားနေခဲ့တယ်။

ပိုင်မုက အဲ့ဒီအချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုပေါင်းများစွာကိုသာလျှင် ခံစားရပြီးတော့ အေးစိမ့်စိမ့်ဖြစ်နေတယ်။သူမရေမရာဖြစ်နေတုန်းမှာ ကျယ်လောင်တဲ့ဟိန်းဟောက်သံကို ကြားလိုက်ရပုံပေါ်ပြီးတော့ သူက သူ့မျက်၀န်းတွေကို ဖွင့်ဖို့ ကြိုးပမ်းလိုက်တယ်။ ကြီးမားတဲ့အနက်ရောင်မွန်းစတားက သူ့ကို ခုန်အုပ်ဖို့ပြင်နေတာကို ဝိုးတိုးဝါးတား မြင်နေရတယ်။သူ့နှလုံးက ပြင်းပြင်းထန်ထန်ကို ခုန်နေတယ်။ဒါက သူမသေခင် စိတ်ထဲကနေ ထင်ရာမြင်ရာတွေ မြင်နေတာများလား။

မွန်းစတားက သူ့ကိုထိတော့မယ်အချိန်လေးမှာပဲ ကြီးမားတဲ့ရွှေရောင်ခြ‌င်္သေ့က အပြေးအလွှားပြေးလာပြီး ကြီးမားတဲ့အနက်ရောင်သားရဲကို ဖြိုလှဲလိုက်ကာ လျင်လျင်မြန်မြန်နဲ့ သားရဲကြီးရဲ့လည်ပင်းကို ကိုက်လိုက်တော့တယ်။ကြီးမားတဲ့အနက်‌ရောင်သတ္တဝါက အကြိမ်အနည်းငယ်လောက် အော်ဟစ်ခဲ့ပြီးတော့ ရုတ်တရက်ဆန့်ငင်ဆန့်ငင်ဖြစ်ကာ ခနကြာပြီးနောက်မှာတော့ မလှုပ်‌တော့ဘူး။သားရဲကြီးက လုံး၀သေသွားတာကို မြင်မှ ခြင်္သေ့က လှည့်ထွက်လိုက်ပြီး ပိုင်မုဆီကို လျှောက်လာခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now