Chapter 78

2.3K 333 4
                                    

Unicode

Chapter 78.1

ဒီတစ်ကြိမ် နှီးနှောဖလှယ်ပွဲမှာ ပါဝင်ကြတဲ့ orcs တွေက ပိုင်မုအကြောင်းကိုလည်း ကြားသိခဲ့ပြီး သူတို့သိရတဲ့အချိန်က အလွန်နှောင်းသွားပြီဖြစ်ကြောင်း လျှို့ဝှက်စွာ သိရှိခဲ့ကြတယ်။ အခုတော့ နတ်ဘုရားတမန်တော်က ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ orcs နဲ့ တွဲဖက်ပွဲကျင်းပတော့မှာ ဖြစ်ပြီး သူတို့မှာ အခွင့်အရေး မရှိတော့ပါဘူး။

မျိုးနွယ်စုခေါင်းဆောင် Er ရဲ့ စီစဉ်မှုအောက်မှာ သူတို့က ပိုင်မုနဲ့ခဲယ်လ်တစ်တို့ကို တွေ့ဆုံခဲ့ကြပြီး လူကို မနာလိုဖြစ်အောင်လုပ်တဲ့ ဒီကံကောင်းတဲ့ကောင် ခဲယ်လ်တစ်ကို အရမ်းမုန်းတီးတဲ့အကြည့်တွေနဲ့ ကြည့်ခဲ့ကြတယ်။ ပိုင်မုကတော့ ဘာပြောရမှန်းကို မသိတော့ဘူး။မျိုးနွယ်စုတွေကြားရှိ ဆက်ဆံရေးက ကြာကြာမခံဘူးပဲ။

မျိုးနွယ်စုခေါင်းဆောင်Er က အခြားမျိုးနွယ်စုတွေရဲ့ မနာလိုဖြစ်နေတဲ့ အကြည့်တွေကို ကြည့်ကာ သူ့စိတ်ထဲက ဗီလိန်(နတ်ဆိုး)သေးသေးလေးက အရမ်းကိုဂုဏ်ယူ၀င့်ကြွားနေမိတယ်။ ကြည့်စမ်းပါဦး၊ နတ်ဘုရားတမန်တော်က သူတို့မျိုးနွယ်စုနဲ့ပဲဆိုင်တယ်။ ထို့နောက် သူက တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။ ခဲယ်လ်တစ်က ကောင်းကောင်းလုပ်ခဲ့တာပဲ။

နောက်ဆုံးတော့ orcs တွေ ထွက်ခွာသွားပြီး မျိုးနွယ်စုက သူတို့အတွက် လက်ဆောင်တွေ ပြင်ဆင်ပေးတယ်။မျိုးနွယ်စုခေါင်းဆောင် Er က သူတို့ကို အာလူးနဲ့ ကန်စွန်းဥအချို့ပေးကာ စိုက်ပျိုးတဲ့နည်းလမ်းကို သင်ကြားပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူက သူတို့ကို ဆားအသုံးပြုနည်းကိုလည်း သင်ကြားပေးခဲ့တယ်။ ဒီအတွက် အဲ့ဒီorcs တွေက အရမ်းကျေးဇူးတင်ခဲ့ကြတယ်။

သူတို့ ထွက်ခွာသွားကြတဲ့အခါ နောက်ဆုံးမှာတော့ ပိုင်မုက ရှော့ရစရာမြင်ကွင်းကို မြင်လိုက်ရပါတယ်။ တောင်ပံတွေနဲ့အတူ ချောမွေ့တောက်ပတဲ့ အကြေးခွံတွေရှိတဲ့ ရောင်စုံမြွေမျိုးစုံက တကယ်ကို လှပတယ်။ Zhuniao (ဒေါင်း)မျိုးနွယ်စုရဲ့လှပတဲ့သွင်ပြင်က နေရောင်အောက်မှာဆို မြင့်မြတ်မှုတွေ ၀န်းရံနေသလိုပါပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now