Chapter 75

2.3K 379 8
                                    

Unicode

Chapter 75.1

အချိန်က ဇွန်လအစကို ရောက်ရှိလာပြီး ရင်ပြင်ရဲ့အလယ်ဗဟိုမှာတော့ မြင့်မားလွန်းတဲ့ ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ထားပြီးပါပြီ။ ယဇ်ပလ္လင်အသစ်က အမြင့်ဆယ်မီတာ၊ အလျားငါးမီတာနဲ့ အနံ ၃ မီတာရှိတယ်။ အနောက်ဘက်မှာ လှေကားထစ်(sloping staircase)တစ်ခုရှိပြီး ကျန်တဲ့သုံးဘက်မှာတော့ ဒေါင်လိုက်အုတ်နံရံတွေရှိပါတယ်။ ယဇ်ပလ္လင်တစ်ခုလုံးကို အပြာရောင်အုတ်တွေနဲ့ ပြုလုပ်ထားပြီး ခမ်းနားထည်ဝါနေတယ်။

မျိုးနွယ်စုနှစ်စုလုံးရဲ့ အိမ်တွေအားလုံးကို ဆောက်လုပ်ပြီးပြီဖြစ်ပြီး နောက်ဆုံးမှာတော့ လူတိုင်းက မိုးရာသီမတိုင်မီ အိမ်သစ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ အိမ်သစ်ထဲမှာ ပရိဘောဂတွေမရှိတာကြောင့် ဟာလာဟင်းလင်းဖြစ်နေပုံပေါက်ပါတယ်။

သို့သော် လူတိုင်းက အရမ်းစိတ်ကျေနပ်တယ်လို့ခံစားရပြီး ကျယ်ဝန်းတောက်ပပြီး သန့်ရှင်းသပ်ရပ်တဲ့ အိမ်တွေဆီ လျှောက်သွားလိုက်ကြတယ်။ဒါက သူတို့နေထိုင်ဖူးသမျှမှာ အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်ပြီး အနာဂတ်မှာ သူတို့ရဲ့အိမ်လည်းဖြစ်တယ်။

ယခုအခါ တံတားငယ်တွေနဲ့ ရေစီးကြောင်းတွေက ချောက်ထဲက နေရာတိုင်းမှာ ရှိနေပြီး အိမ်တိုင်းဆီ  သွားလို့ရတဲ့လမ်းတွေကို အပြာရောင်အုတ်တွေနဲ့ ခင်းထားတယ်။ အိမ်တွေဆောက်ပြီးတဲ့အခါတုန်းက ပတ်ဝန်းကျင်ရှိ သစ်ပင်တွေကို အခြေခံအားဖြင့် ထိန်းသိမ်းထားပြီး အပြာရောင်အုတ်ကြွပ်တွေနဲ့ အဖြူရောင်နံရံ‌တွေရှိတဲ့ အိမ်က စိမ်းလန်းနေတဲ့သစ်ပင်,ပင်လယ်မှာ ထင်းလင်းနေတယ်။ အိမ်တစ်အိမ်စီရဲ့ရှေ့မှာတော့ မြေကွက်အလွတ်တစ်ခုရှိတယ်။အဲဒါတွေက လူတိုင်းအတွက် အသီးအရွက်တွေ စိုက်ပျိုးဖို့ ပိုင်မု ချန်ထားခဲ့တဲ့ ခြံကွက်တွေပါ။

အိမ်သစ်ကို ပြောင်းရွှေ့တဲ့နေ့မှာ လူများစွာက အလွန်စိတ်လှုပ်ရှားကာ အိပ်မပျော်နိုင်ဘဲ တိရစ္ဆာန်သားရေဖုံးလွှမ်းထားတဲ့ ခန်ကုတင်(Kang)ပေါ်မှာ လူးလှိမ့်နေကြတယ်။ သူတို့နှလုံးသားထဲက ပျော်ရွှင်မှုကို ရပ်တန့်လို့မရခဲ့ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now