Chapter 43.1

2.9K 485 3
                                    

Unicode

"အရင်က ကျွန်တော်လုပ်တဲ့ အသားကြွပ်ကြွပ်ကြော်ကို ဘယ်လိုထင်လဲ၊ ကြိုက်လား"  ဒီကမ္ဘာနဲ့ မူလကမ္ဘာကြားမှာ  ကွဲပြားခြားနားမှုအချို့ရှိနေတုန်းပဲလို့ ပိုင်မုတွေးနေမိတယ်။သူက အရသာရှိတယ်လို့ထင်ပေမယ့် ဒီက လူတွေက အရသာရှိမယ်လို့မထင်လောက်ဘူးလေ။ ပြီးခဲ့တဲ့ အခေါက်တုန်းက လူတိုင်းက အများကြီးစားပေမယ့်လည်း သူနည်းနည်းတော့စိတ်ပူနေတုန်းပဲ။

ခဲယ်လ်တစ်က သူ့စိတ်ခံစားချက်တွေကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ့ကိုယ်သူ ထိန်းချုပ်လိုက်တယ်။ ပိုင်မုကို သူမကြောက်စေချင်ဘူး။

"ကောင်းတယ်၊ လူတိုင်းက ကြိုက်သင့်တယ်၊ မင်းများများလုပ်လို့ရတယ်" Orcsတွေက အသားစားရတာကြိုက်တယ်လို့ ပြောရမယ်။ အသားဟင်းတွေကို အခြေခံအားဖြင့် ကြိုက်နှစ်သက်သရွေ့  ဟင်းသီးဟင်းရွက်တွေက မလိုအပ်ပါဘူး။ အဲ့ဒါက ကောင်းမွန်တဲ့အကြံလို့ ခဲယ် လ်တစ်က ယူဆပါတယ်။

"ဒါဆို ပိုပြီးလုပ်လိုက်မယ် ငါးကြော်ဆိုရင်ရော ဘယ်လိုလဲ" ပိုင်မုက ခြင်္သေ့လေး ဘာစားရတာကြိုက်လဲဆိုတာ စဉ်းစားတယ်။ မျိုးနွယ်စုထဲမှာ ကလေးအများကြီးရှိတယ်။

"ဒါလည်း အဆင်ပြေတယ်"ငါးကြော်က  အရမ်းမွှေးပြီး ငါးသေးသေးလေးတွေက အရမ်းကြွပ်ရွနေမှာမို့  ငါးရိုးစူးမှာကို စိတ်ပူစရာ မလိုပါဘူး။

"ကောင်းပါပြီ၊ ဒါဆို အဲဒီအချိန်ကျရင် ငါးသေးသေးလေးတွေကို ဖမ်းပေးဖို့ လူတိုင်းကို တောင်းဆိုလိုက်မယ်" ပိုင်မုက မြစ်ထဲမှာ ငါးသေးသေးလေးတွေ အများကြီးရှိနေတာပဲလို့ တွေးပြီး အရမ်းစိတ်မပူနေပါဘူး။

“‌အင်း၊ အဲဒီအချိန်ကျရင် သူတို့ကို ဖမ်းဖို့ အတွက် တစ်ယောက်ယောက်ရှာပေးဖို့ အေဘယ်ကို ပြောလိုက်မယ်" ခဲယ်လ်တစ်က သူ့ခေါင်းကို ညွှန်ပြလိုက်တယ်။ သူ့ရင်ခွင်ထဲက နူးညံ့တဲ့ ခန္ဓာကိုယ်လေးက သူ့နှလုံးသားလေးကို အခုန်မြန်စေပြီး အသက်ရှုကြပ်စေတယ်။ တွဲဖက်အခမ်းအနားမှာ အာရုံစိုက်နေတဲ့ ပိုင်မုက သူ့ရဲ့ပြောင်းလဲမှုကို သတိမထားမိပါဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now