Chapter 86

2.4K 349 4
                                    

Unicode

Chapter 86.1

ခဲယ်လ်တစ်အိမ်ပြန်လာတော့ အားလုံးက တပေါရဲ့အခန်းထဲမှာ စကားစမြည်ပြောနေကြပြီး သူပြန်လာတာကို စောင့်မျှော်နေကြတာ တွေ့လိုက်ရတယ်။ တစ်နေကုန်အိပ်မောကျနေတဲ့ပိုင်မုလည်းပဲ အဲ့ဒီအချိန်မှာ အိပ်ရာနိုးလာပြီဖြစ်ပြီး ခန်ကုတင်ပေါ်မှာ အသီးအနှံတွေကို ကိုက်၀ါးနေတယ်။ ခဲယ်လ်တစ် လုံလုံခြုံခြုံ ပြန်လာတာကို တွေ့ရတော့ အားလုံးက အရမ်းပျော်နေကြတယ်။ တပေါက သူ့ကို မရပ်မနားအနှောင့်အယှက်ပေးနေပြီး ဒီနေ့လည်ခင်းတုန်းဖြစ်ခဲ့တဲ့ တိုက်ပွဲက ဘယ်လိုလဲဆိုတာကို ခဲယ်လ်တစ် သူ့ကိုပြောပြလာအောင် ဆက်တိုက်မေးမြန်းနေခဲ့တာ။ orcs တွေက တည်ငြိမ်တဲ့ဘဝမှာနေထိုင်ရတာကို နှစ်သက်ပေမယ့်လည်း သူတို့တွေရဲ့အရိုးထဲက သွေးလွှမ်းအောင်တိုက်ခိုက်ချင်တဲ့စိတ်ကိုတော့ မဖုံးကွယ်နိုင်ပါဘူး။

ပိုင်မု ခဲယ်လ်တစ်ကို ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေမရှိတာကို မြင်လိုက်ရတဲ့အတွက် ပျော်ရွှင်သွားတယ်။သူ စိတ်သက်သာရာရသွားပြီး ခဲယ်လ်တစ်ပြောလာမှာကိုပဲ တိတ်တဆိတ် စောင့်နေလိုက်တော့တယ်။ အန်းချီလော့က ဆန်ပြုတ်ပူပူတစ်ပန်းကန်၊ ဝက်သားနှပ်တစ်ပန်းကန်နဲ့ ဟင်းရွက်ချဉ်ပန်းကန်တစ်ပန်းကန်ကို မီးဖိုချောင်ထဲကနေ ယူထုတ်ပေးလာတယ်။ ဒါတွေက ခဲယ်လ်တစ်အတွက် သီးသန့်ဖယ်ပေးထားတဲ့ ညစာပါ။

ခဲယ်လ်တစ် အပြင်ပြန်ထွက်သွားတုန်းက အလျင်စလိုနဲ့ အများကြီးမစားသွားခဲ့တာကြောင့် အခုတော့ သူတကယ်ဗိုက်ဆာနေပါပြီ။ သူက အစားကို မြန်မြန်စားပြီး လိန်းကျယ်ပြန်သွားပြီးနောက် မြို့ဂိတ်တံခါးမှာဖြစ်ခဲ့တဲ့ အခြေအနေကို လူတိုင်းကို စတင်ပြောပြခဲ့တယ်။ လူတိုင်းက ဂရုတစိုက် နားထောင်နေကြတယ်။ ခဲယ်လ်တစ်က ဧကရာဇ်သားရဲကို သတ်လိုက်ကြောင်းကြားတဲ့အခါ သူတို့ သက်ပြင်းချလိုက်ကြတယ်။ ခဲယ်လ်တစ်က ကံကောင်းတယ်လို့ပဲ ပြောရမလား ဒါမှမဟုတ် ဧကရာဇ်သားရဲက ကံမကောင်းဘူးလို့ပဲ ပြောရမလားတောင် မသိတော့ဘူး။

ဒါတွေကို နားထောင်ပြီးနောက် တပေါက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်တယ်။ ဧကရာဇ်သားရဲကို ဖြေရှင်းဖို့က ခက်ခဲမှာမဟုတ်ဘူးလို့ သူ မမျှော်လင့်ခဲ့ဘူး။ နောင်မှာ ဧကရာဇ်သားရဲတွေရဲ့ တိုက်ခိုက်မှုရှိနေသရွေ့ ဒီနည်းလမ်းကို အသုံးပြုပြီး အသေသတ်ဖို့ လုံလောက်တယ်မလား။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now