Chapter 56.2

2.3K 360 1
                                    

Unicode

"မပြန်ဘူး၊ ကျွန်တော် အစ်ကိုကြီးနဲ့အတူရှိချင်တယ်" ချဉ်းကပ်လာနေတဲ့ သားရဲတွေကိုကြည့်ရင်း ကေစီက သူ့ရဲ့နှလုံးသားထဲကြောက်ရွံ့နေပေမယ့်လည်း အစ်ကိုကြီးပိုင်မုနဲ့အတူ သူဆုတ်ခွာသွားချင်တယ်။

"မြန်မြန်လုပ် မင်းဒီမှာနေရင် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ဖြစ်လာလိမ့်မယ်" ပိုင်မုလည်းပဲ အနည်းငယ်စိတ်လှုပ်ရှားနေတယ်။တောင်လမ်းက အရမ်းကျဉ်းပြီး သူတစ်ယောက်တည်းနေရင် ထွက်ပြေးနိုင်ပါတယ်။ ကေစီက ခဏလောက်စဉ်းစားလိုက်တယ်။ အခုချိန်မှာ သူတကယ်ကို အများကြီးမကူညီနိုင်ဘူး။သူက အစ်ကိုကြီးပိုင်မုကို ဆွဲမချနိုင်တာကြောင့် နာခံမှုရှိတဲ့သူက ဦးစွာ ပြန်သွားခဲ့တယ်။

ကေစီထွက်သွားတာကိုမြင်တော့ ပိုင်မုက နောက်ဆုံးမှာ သက်ပြင်းတစ်ချက်ချလိုက်တယ်။မကြာမီမှာ သားရဲတွေက မီးဘေးနားကို ရောက်လာပြီး မီးကိုကြည့်ရင်းရပ်တန့်သွားကြတယ်။ ပိုင်မုရဲ့နှလုံးသားလေးက လမ်းတစ်ဝက်မှာ ပြုတ်ကျသွားခဲ့ပြီး မီးကိုကြောက်ရုံ ကြောက်ကာ ဒီကောင်တွေ ရှေ့ဆက်တိုးလာပြီး မီးမကြောက်တော့မှာကို သူစိုးရိမ်နေဆဲပါပဲ။

ပိုင်မုက အနည်းငယ်ပိုကြီးတဲ့ ကျောက်တုံးကိုကောက်ယူလိုက်ပြီး ရှေ့ကိုကိုင်းညွတ်လိုက်ပြီးနောက် မီးပေါ်တင်ထားတဲ့ ဆီပူအိုးကိုရိုက်ခွဲလိုက်တယ်။ အိုးထဲက ဆီပူတွေက မီးထဲကိုစီးကျလာပြီး မီးတောက်က သား‌ရဲတွေဘက်ကို မြန်မြန်မြင့်တက်လာတယ်။ ရှေ့မှာရှိနေတဲ့ သားရဲကောင်တွေရဲ့ အမွေးအများစုက ရုတ်တရက်ထပေါက်ကွဲလာတဲ့ မီးတောက်ကြောင့် လောင်ကျွမ်းသွားကြတယ်။တဟုန်းဟုန်းတောက်နေတဲ့မီးက သားရဲတွေတိုးပွားလာမှုကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်။

သူ့အကြံအစည် အောင်မြင်သွားတာကို မြင်လိုက်ရတာကြောင့် ပိုင်မုက အမြန်ပြန်ဆုတ်သွားတယ်။သူဆုတ်ခွာလာပြီးနောက် လေထဲမှာရှိနေတဲ့ ခြင်္သေ့လေးတွေကို “မင်းတို့ရဲ့ အနောက်ဘက်ကို ငါကြည့်နေပေးမယ်” လို့ ပြောလိုက်တယ်။

လေထဲမှာရှိတဲ့ ခြင်္သေ့လေးတွေက ပိုင်မုရဲ့လှုပ်ရှားမှုတွေကို အခုလေးတင် မြင်လိုက်ပေမယ့် ပိုင်မုဘယ်လုပ်ချင်လဲဆိုတာကို နားမလည်ကြဘူး။ တောင်ပေါ်တက်လာနေတဲ့ သားရဲတွေက မီးကြောင့်ရပ်သွားတာကို သူတို့မြင်တဲ့အခါ ပိုင်မုက  မြေအိုးကိုရိုက်ခွဲလိုက်ပြီး မီးက  တဟုန်းဟုန်းတောက်လောင်သွားခဲ့တယ်။အဲ့ဒီအခါကျမှ ပိုင်မုက သားရဲတွေကို ပိတ်ဆို့ပြီး အချိန်ဆွဲပေးနေတယ်ဆိုတာကို သူတို့ သိသွားတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now