Chapter 50.2

2.7K 425 1
                                    

Unicode

ခဲယ်လ်တစ်က ပိုင်မုကို သူ့မှတ်ဉာဏ်ထဲကနေရာဆီ ခေါ်သွားခဲ့တယ်။ သူရှာနေတဲ့ ပြာပင်ကို မတွေ့လိုက်ရတဲ့အတွက် ပိုင်မုကစိတ်ပျက်သွားတယ်။အဲ့ဒီနောက် ခဲယ်လ်တစ်က သူ့ကို အနီးနားမှာရှိတဲ့ တောအုပ်ထဲ သယ်သွားပေးတယ်။ ဒါပေမယ့် တကယ်ပဲ အနီးနားမှာ ပြာပင်တွေ တွေ့ဖို့တော့ မမျှော်လင့်ခဲ့ဘူး။

ပိုင်မုက အရမ်းပျော်သွားပြီး ပျားဖယောင်းစုရာမှာ ကူညီပေးဖို့အတွက် ခဲယ်လ်တစ်ကို ခေါ်လိုက်ကာ ခြင်းတစ်ခြင်းကို ယူထုတ်လိုက်တယ်။ဒီနေရာမှာ ပြာပင်အများအပြားရှိပြီး မလုံလောက်မှာကို သူမစိုးရိမ်ပါဘူး။

ညနေစောင်းတော့ နှစ်ယောက်သားက အတူအိမ်ပြန်ခဲ့ကြပြီး ပိုင်မုက နေရာလွတ်ထဲက လူလူသားရဲကို ယူထုတ်လိုက်ကာ အန်းချီလော့ဆီ လွှဲပေးလိုက်တယ်။ ပိုင်မုရဲ့ လမ်းညွှန်မှုအောက်မှာ အန်းချီလော့ရဲ့ လက်ရာကလည်းပဲ အခု အရမ်းကောင်းလာပြီဖြစ်တယ်။ လူလူသားရဲကို သူ့ဆီလွှဲပေးလိုက်တော့ သူ(ပိုင်မု)အနားယူနိုင်ပြီလေ။ဒီနေ့စားဖို့က  အရသာရှိတဲ့လူလူသားရဲ‌ဆိုတာကို မြင်လိုက်ရတော့ အန်းချီလော့လည်းပဲ အရမ်းပျော်သွားပုံပေါ်တယ်။

တကယ်တော့ သူတို့ ဒီနေ့ လူလူသားရဲတစ်ကောင်ထက်ပိုပြီးဖမ်းမိခဲ့တာ။ဒါပေမယ့် ခဲယ်လ်တစ်က သူတို့ကို သိုလှောင်ခန်းထဲ အကုန်ထည့်ထားလိုက်တယ်လေ။သူတို့ ဒီနေ့အမဲမလိုက်ခဲ့ဘူး။စမ်းချောင်းနားမှာ လူလူသားရဲအများအပြားရှိပြီး သူတို့က အဲ့ဒါတွေကို သတ်ပြီး သိုလှောင်ခန်းထဲ ထည့်လိုက်ရုံပဲ။

နောက်ကျရင် ပိုင်မု အပြင်ထပ်ထွက်ဖို့မစီစဉ်ထားဘူး။သူ့မှာ လုပ်စရာအများကြီးရှိသေးတယ်။ဒီနေ့ သူစုဆောင်းထားတဲ့ ပျားဖယောင်းတွေကို ဖယ်ထားလိုက်ပြီး မနက်ဖြန်မှာ  ဖယောင်းတိုင်လုပ်ဖို့ အဆင်သင့်စပြင်ထားလိုက်တယ်။

သူ့(ပိုင်မု)ရဲ့ အချုပ်အလုပ်က သိပ်မကောင်းမွန်ဘူး။ဒါကြောင့် အန်းချီလော့က တိရိစ္ဆာန်သားရေစောင်တွေနဲ့ ကူရှင်တွေကို ချုပ်ပေးခဲ့တယ်။ပြီးတော့ တိရိစ္ဆာန်သားရေဖျာအောက်မှာ ရိုးရှင်းပြီးကြမ်းတမ်းတဲ့ ကောက်ရိုးဖျာတစ်ခု လုပ်ပေးဖို့  ကောက်ရိုးလိုတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now