Chapter 1.2

11.7K 1.3K 27
                                    

(Unicode)

လိပ်ပြာအိပ်မက်

ထိုလူက တစ်ခါတုန်းက သူ့ကိုပြောခဲ့တယ်။"ပိုင်မု ကိုယ်မင်းကိုကြိုက်တယ် တွဲရအောင်".အဲ့ဒီနှစ်မှာ သူတို့ချစ်သူတွေဖြစ်လာခဲ့ကြတယ်။

သူအိမ်ကနေမောင်းထုတ်ခံရတဲ့အချိန်က အဲ့ယောက်ျားက သူ့ကို ပြောခဲ့တယ်။"မစိုးရိမ်ပါနဲ့ ၊ကိုယ်မင်းနဲ့အမြဲတူတူရှိသွားမှာပါ ပြီးတော့ မင်းအပေါ်ကောင်းပေးပါ့မယ်၊ကိုယ်တို့အသက်အရွယ်အိုမင်းလာတဲ့အထိတူတူရှိသွားကြမယ်"

သူ့ရဲ့အတန်းဖော်တွေ လက်ထပ်တာကို သူမြင်ခဲ့ရတဲ့အချိန်က သူက စိတ်မသက်မသာဖြစ်ခဲ့ရတယ်။သူတို့က နေရောင်အောက်မှာ ဘယ်တော့မှ မရပ်နိုင်မယ့်အပြင် လူတိုင်းရဲ့ကောင်းချီးတွေကိုလည်း လက်ခံရရှိနိုင်မှာမဟုတ်ဘူး။ အဲ့လူက သူ့ကို နှစ်သိမ့်ပေးခဲ့တယ်။"မုမု စိတ်မကောင်းမဖြစ်ပါနဲ့၊ ကိုယ်တို့ပိုက်ဆံလုံလုံလောက်လောက် စုဆောင်းပြီးသွားရင် နိုင်ငံခြားသွားပြီး လက်ထပ်ကြမယ်၊ တခြားသူတွေရဲ့ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်လာမှာကို မင်း စိုးရိမ်နေရင် အနာဂတ်ကျရင် ကိုယ်တို့နိုင်ငံခြားမှာပဲ အခြေချကြမလား?"

ဒီမြင်ကွင်းတွေက သူ့ဆီရွေ့လျားလာပြီး ဘ၀ရဲ့ပျော်ရွှင်ရဆုံးမြင်ကွင်းတွေကို သူ့ကို ပြန်သတိရစေတယ်၊အဲ့ဒါတွေက အိပ်မက်တွေသာ ဖြစ်ခဲ့သလိုမျိုးပဲ။မျက်ရည်တွေက ပိုင်မုရဲ့အမြင်ကို ဝေဝါးစေပြီး *ပိရန်အတွဲရဲ့မျက်နှာတွေကို သူမမြင်ရတော့ဘူး။အရာရာတိုင်းက အရမ်းကို ပြောင်းလဲသွားပြီ။

သူနေမကောင်းတဲ့အချိန်တိုင်း ဆေးသောက်ဖို့ သူ့ကို နူးနူးညံ့ညံ့ချော့တတ်တဲ့သူ၊ သူစိတ်အခြေအနေမကောင်းတဲ့အချိန်တိုင်း သူပျော်ရွှင်လာအောင် အမြဲလုပ်ပေးတတ်တဲ့သူက ဒီမှာ ဒီထက်ပိုပြီးမရှိတော့ဘူး။ဘာကြောင့် ရုတ်တရက်ကြီး ဒီလိုမျိုး ဖြစ်သွားရတာလဲ။*ကျွမ်းကျိုးရှောင်က လိပ်ပြာတွေကြောင့် ဆွဲဆောင်ခံရပေမယ့် သူကတော့ အိပ်မက်မက်နေတဲ့သူတစ်ယောက်ဆိုတာ သူမသိခဲ့ဘူး။သူအခု နိုးသွားပြီလား?

ပိုင်မုက မျက်ရည်တွေကို သုတ်ပစ်၊ လေးလံတဲ့ခြေလှမ်းတွေကို မပြီး အတွဲအသစ်လေးဆီ လျှောက်သွားခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now