Chapter 48.1

2.7K 449 4
                                    

Unicode

စိန်ခေါ်တဲ့သူက ခဲယ်လ်တစ်တို့ မျိုးနွယ်စုထဲက orc စစ်သည်တော် အက်ဘ်နာဖြစ်တယ်။သူက ခဲယ်လ်တစ်နဲ့အသက်အရွယ်တူဖြစ်ပြီး သူ့စွမ်းရည်က ခဲယ်လ်တစ်နဲ့ နှိုင်းယှဉ်နိုင်တယ်။ သူက ကံကောင်းတဲ့သူမဟုတ်ရင်တောင် တောထဲကကောက်လာတဲ့ တမန်တော်ကို သူ့အိမ်ခေါ်သွားဖို့ ကြိုးစားလို့ရနိုင်တယ်လေ။ ဒါ့အပြင်၊ ဒီတမန်တော်က သူအမှန်တကယ်မနာလိုဖြစ်ရတဲ့ကောင်ရဲ့အိမ်ကို ဖြားယောင်းခေါ်ဆောင်သွားတာခံခဲ့ရတယ်။

အခု နှစ်ယောက်သားရဲ့ချိုမြိန်တဲ့ စွမ်းအင်တွေကို ကြည့်လိုက်ရတော့  ပိုင်မုကိုလိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ  သူသိတယ်။ ဒါပေမယ့်  ခဲယ်လ်တစ်ကိုမနာလိုတဲ့အတွက် ပြဿနာနည်းနည်းရှာဖို့ အဆင်ပြေတယ်။ ဒါကြောင့် ဒီနေ့အခွင့်အရေးကိုအခွင့်ကောင်းယူပြီး သူတို့ရှေ့မှာ ချစ်ခြင်းမေတ္တာတွေ ပြသနေတဲ့ ကံအရမ်းကောင်းတဲ့ ခဲယ်လ်တစ်ကို စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ပိုင်မုက အက်ဘ်နာကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။ အက်ဘ်နာရဲ့မျက်လုံးထဲမှာ သူ့ကိုချစ်နေတဲ့အရိပ်အယောင် မတွေ့ခဲ့ရပေမယ့် သူက ဘာကြောင့် ခဲယ်လ်တစ်ကိုစိန်ခေါ်ရတာလဲ။ တကယ်နားလည်ရခက်တာပဲ။ ဒီနေ့ သူ့ကို ဘယ်သူမှ လာမဝန်ခံကြဘူး၊ သူ့ရဲ့ဈေးဗန်းက အရမ်းများဆိုးဝါးနေလို့လား။ဒါပေမယ့် ဒီမှာတော့ လာ၀န်ခံမယ့်သူ တစ်ယောက်မှမရှိဘူး။ တကယ်လို့ သူ့ကို တစ်ယောက်ယောက်က သူ့အချစ်ကို တကယ်ပြသခဲ့ရင်လည်း  သူဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။

အက်ဘ်နာ သူ့ကို ဘာကြောင့် တိုက်ခိုက်ဖို့ လာရှာတာလဲဆိုတာသိတဲ့အတွက် ခဲယ်လ်တစ်က ကြည့်နေတယ်။ ဒီကောင်တွေ စိတ်သက်သာရာရဖို့အတွက် သူတို့ကို ပြသနာတစ်ခုခုရှာပေးမှ ရမယ်ထင်တယ်။

ခဲယ်လ်တစ်က ခေါင်းချင်းဆိုင်တိုက်ခိုက်ဖို့ အက်ဘ်နာနောက် လိုက်သွားပြီး ခြင်္သေ့နှစ်ကောင်တိုက်ခိုက်ခဲ့တဲ့နေရာဖြစ်တဲ့ ကွင်းပြင်ဆီကိုသွားခဲ့တယ်။ ပိုင်မုက orcsအရေအတွက် နည်းပါးပြီး သူတို့က သေချာပေါက်‌သေမှာမဟုတ်တာကို သိထားတာကြောင့် ခဲယ်လ်တစ်ရဲ့ ဘေးကင်းမှုအတွက် သူအရမ်းကြီးမစိုးရိမ်နေဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now