Chapter 73

2.3K 538 14
                                    

Voteတောင်မvoteကြတော့ဘူးနော် ။ ကိုယ်paidလုပ်လို့ အမြင်ကပ်လို့ မvoteကြတာလို့ တွေးရအောင်ကလည်း paid complete သွားတာနဲ့ နေ့တိုင်း updateလုပ်ပေးနေတာကို။ တကယ်ပါပဲ ၀မ်းနည်းမိတယ်။

Unicode

Chapter 73.1

ကိစ္စ‌တွေဖြေရှင်းပြီးသွားတော့ လူအုပ်စုကြီးက လမ်းပေါ်ပြန်တက်လာပြီး စတင်ထွက်ခွာလိုက်ကြတော့တယ်။ ဒီတစ်ခါတော့ ဘာမှမဖြစ်ဘဲ တနေ့တာကို အေးချမ်းစွာ ဖြတ်သန်းခဲ့ရတယ်။ ကောင်ငယ်လေးတွေအားလုံးကို ဘာအရှုပ်ထုပ်မှမလုပ်အောင် လူကြီးတွေက စောင့်ကြည့်နေကြတယ်လေ။

သုံးရက်မြောက်နေ့ သူတို့အနားယူကြတဲ့အချိန် အရွယ်ရောက်ခါနီးအရွယ် orcs‌ လေးအချို့က ထင်းကောက်ဖို့ တောထဲထွက်သွားကြပေမယ့်လည်း သူတို့က အုပ်စုဆီ ပြန်ရောက်မလာကြဘူး။ ရုတ်တရက် မိသားစုဝင်တွေက တစ်ခုခုဖြစ်ပြီလို့ တွေးပြီး စိုးရိမ်သွားကြတာကြောင့် မိသားစုတွေရဲ့ သားရဲဖခင်တွေက လူရှာဖို့ထွက်သွားကြတယ်။ ခဏအကြာမှာ ပျားရိုင်းတွေ တုပ်တာခံထားရလို့ ဝက်တစ်ကောင်လိုဖြစ်နေကြတဲ့ orcလေး တွေနဲ့အတူ သူတို့ပြန်လာခဲ့ကြတယ်။

ဒါကဘယ်လိုဖြစ်လဲဆိုတော့ ပျားအုံငယ်တစ်ခုကို or csငယ်လေးတွေက တွေ့ရှိခဲ့ပြီး အစားကြူးကြလို့ ပျားအုံကို တုတ်နဲ့ထိုးလိုက်တာကြောင့် ပျားတွေ သူတို့နောက်ကို လိုက်လာတယ်လေ။ ကြီမြတ်တဲ့စုန်းမက ပျားဆူးတွေကို လေ့လာဆန်းစစ်လိုက်ပြီး သူတို့ကို ဆေးထည့်ပေးဖို့ အဆိပ်ဖြေလိမ်းဆေး ပေးလိုက်တယ်။ ညနေပိုင်းကျတော့ လူအများအပြားက ရောင်ရမ်းပြီး အဖျားကြီးကြတော့တယ်။

"ခဲယ်လ်တစ် ခင်ဗျားတို့orcs တွေအတွက် ဒါက  တကယ်မလွယ်ကူဘူးဆိုတာ ကျွန်တော်သိလိုက်ရတယ်" ပိုင်မုက ကလေးတွေအတွက် ၀မ်းနည်းနေတဲ့ခံစားချက်တွေနဲ့အတူ အလုပ်ရှုပ်နေကြတဲ့ မိသားစုဝင်အနည်းငယ်ကို ကြည့်လိုက်တယ်။

"orcs ငယ်လေးတွေက နည်းနည်းပိုတက်ကြွကြပေမယ့် တကယ်တော့ သူတို့က အရမ်းလိမ်မာနေဆဲပါပဲ"

"ခင်ဗျားပြောတဲ့အတိုင်း ဒီကောင်ငယ်လေးတွေ ဘာအရှုပ်ထုပ်မှမလုပ်ဖို့ ကျွန်တော်မျှော်လင့်တယ်" ဒီ orcs လေးတွေက ပိုအသက်ဝင်တက်ကြွတယ်လို့ ပိုင်မုအမြဲခံစားခဲ့ရပေမယ့် သူတို့က နာခံမှုရှိနေဆဲပါပဲလေ။ သားရဲအုပ်နဲ့ရင်ဆိုင်ရတုန်းက လူတိုင်းက အမိန့်နာခံပြီး လှည့်ပတ်‌ပြေးမနေကြဘူး။ အခုမှပဲ သူတို့လေးတွေက အရှုပ်ထုပ်လုပ်နေကြဆဲအရွယ်ဆိုတာ သူသိရတော့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now