Chapter 63.2

2K 340 8
                                    

Unicode

Chapter 63.2

ခဲယ်လ်တစ်က သူ့ရှေ့က ဧကရာဇ်သားရဲကို အနီးကပ် စိုက်ကြည့်နေတယ်။ ဒီရက်စက်ကြမ်းကြုတ်တဲ့သားရဲက orcs သုံးယောက်ကိုသတ်ခဲ့ပြီး ဇက်ခ်ရိလည်း ပြင်းထန်စွာဒဏ်ရာရသွားကာ ပြန်ပို့ခဲ့ရတယ်။ထို့နောက် သူနဲ့ အခြား orcအများအပြားက အခြား orcs တွေနဲ့ အကာအကွယ်အောက်မှာ ဧကရာဇ်သားရဲကို ဝိုင်းရံခဲ့ကြတယ်။ ဧကရာဇ်သားရဲရဲ့ကြာပွတ်နဲ့ဆင်တူတဲ့ အမြီးက သူ့ခန္ဓာကိုယ်ပေါ် အကြိမ်ပေါင်းများစွာ ထိခဲ့ပြီး အခုတော့ သူက နာကျင်မှုနဲ့အတူ တဆတ်ဆတ်တုန်ခါနေရတယ်။ ဒါပေမယ့် ဆန့်ကျင်ဘက်ဖြစ်စွာနဲ့ သူကတော့ ဧကရာဇ်သားရဲကိုတောင် မထိနိုင်ခဲ့ဘူး။

ဧကရာဇ်သားရဲရဲ့ခန္ဓာကိုယ်ထဲမှာ မြှားများစွာ စိုက်နေတာကြောင့် သူက ပို‌ရက်စက်ကြမ်းကြုတ်လာတယ်။အထူးသဖြင့်  ခဲယ်လ်တစ်ရဲ့နောက်ကျောမှာ ကုတ်ခြစ်ရာရှိပြီး အသားနဲ့ အရေပြားက လန်ထွက်နေကာ သွေးတွေ ဆက်လက်စီးဆင်းနေတယ်။ ပိုင်မုဒါကိုသိရင် သူအရမ်းစိတ်ဓာတ်ကျသွားလိမ့်မယ်။သွေးတွေအများကြီးထွက်ပြီးနောက်မှာတောင် သားရဲက သေဦးမှာမဟုတ်ဘူး။ ဧကရာဇ်သားရဲက တကယ့်ကို သွေးအားကောင်းတဲ့bossပဲ။သူ့လည်ပင်းမှာလည်း ခဲယ်လ်တစ်ကိုက်ထတာရှိပြီး ရှင်းရှင်းလင်းလင်းတော့ မမြင်ရဘူး။ ဧကရာဇ်သားရဲက သူ့ရဲ့မူးဝေနေတဲ့ခေါင်းကို ခါယမ်းလိုက်ပြီး သူ့ရဲ့ရှေ့ဘက်ခြေက မြေပြင်ကို ကုတ်ခြစ်နေတယ်။သွေးတွေအများကြီးထွက်နေပြီဖြစ်ပြီး ဒီလိုဆက်သွားနေမယ်ဆိုရင် ဧကရာဇ်သားရဲကို ဒီလူတွေသတ်နိုင်လိမ့်မယ်။

သားရဲက ရှင်သန်လိုစိတ်ရှိပြီး သူ့ကို နာကျင်စေတဲ့သူတွေကို မုန်းတီနေကာ  မျက်လုံးတွေက သွေးနီရောင်ဖြစ်သွားတယ်။ သားရဲရဲ့နောက်ကအမြီးက မြေပြင်ကိုထိသွားပြီး အရိပ်အယောင်‌တွေ ကျန်ခဲ့တယ်။ သူ့ရဲ့ဦးခေါင်းထိပ်ပေါ်မှာ တိုက်ခိုက်သူဦးရေက ထပ်တိုးလာပြန်တယ်။သူ့ကို နှောင့်ယှက်တိုက်ခိုက်နေတဲ့ အဲ့ဒီလူတွေကို မုန်းတယ်။ သူတို့ကြောင့်သာမဟုတ်ရင် ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာတွေ သူခံစားရမှာမဟုတ်ဘူး။(T/N- မြင်ယောင်ကြရဲ့လားဟင် သားရဲက တောင်ပံမပါတော့ မြေပြင်ပေါ်မှာဖြစ်ပြီး orcsတွေက လေထဲမှာပါ)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now