Chapter 40.2

3.1K 542 1
                                    

Unicode

အခုက နေ့လည်ရောက်ခါနီးပြီလို့ ပိုင်မုက ခဏလောက်တွေးတောလိုက်ပြီး လူတိုင်းက  ခုထိနေ့လည်စာမစားရသေးပါဘူး။ သူက ဆိုင်ရယ်၊တာ့ဝူနဲ့ အားမိုအတွက် နေ့လည်စာ ပြင်ဆင်ပေးဖို့ အန်းချီလော့ကို တောင်းဆိုလိုက်တယ်။ နောက်ဆုံးမှာ ပိုင်မုက မှိုကြက်စွပ်ပြုတ်တစ်အိုးနဲ့ နို့ကြက်ဥပေါင်းတစ်ပန်းကန် ချက်ခဲ့တယ်။

"အစ်ကိုကြီးပိုင်မု ဘာလို့ ကြက်စွပ်ပြုတ်ပဲ မချက်တာလဲ"အန်းချီလော့က အရမ်းထူးဆန်းသွားတယ်။ အစ်ကိုကြီးပိုင်မုက ကြက်သားက ကျန်းမာသန်စွမ်းမှုကို အတိုးတက်စေဆုံးလို့ ပြောတယ်မလား။ စွပ်ပြုတ်ကို ဘာလို့ ကြက်သားနဲ့ချက်ဖို့မလိုအပ်တာလဲ။

"ညသိပ်ထားတဲ့ကြက်သားက လတ်ဆတ်တဲ့ကြက်သားလောက်တော့ မကောင်းဘူးလေ ပြီးတော့ မှိုက ကြက်သားလိုပဲ သာမန်မဟုတ်ဘူး။ လတ်ဆတ်တဲ့ကြက်သားရခဲ့ရင် အန်ဒီအတွက် စွပ်ပြုတ်လုပ်ပေးမှာ" လတ်ဆတ်တဲ့ကြက်သားမှာ အာဟာရအများအပြားပါတယ်လို့ သူ့အမေ အရင်ကပြောခဲ့ဖူးတာကို ပိုင်မုမှတ်မိတယ်။ပါဝင်ပစ္စည်းတွေက ပျောက်ဆုံးနေတယ်။ ဒါ့အပြင် ချက်ပြုတ်ရာမှာ ကြက်သားအလွန်အကျွံထည့်ဖို့က အကြံ‌ဉာဏ်‌ကောင်းမဟုတ်ပါဘူး။ စွပ်ပြုတ်က ပျစ်ပြီး သိပ်တော့မလတ်ဆတ်ပါဘူး။ စွပ်ပြုတ်ပမာဏက အားအင်ပြည့်ဖြိုးစေဖို့လုံလောက်ပြီး အရသာလည်း အထူးကောင်းမွန်ပါတယ်။

ပြင်ဆင်ပြီးနောက် အန်းချီလော့က လူတိုင်းရဲ့နေ့လယ်စာကို ဆက်ပြင်ဆင်ဖို့ ကျန်နေခဲ့ပြီး ခဲယ်လ်တစ်နဲ့ပိုင်မုတို့က အားမိုရဲ့အိမ်ကို အစားအသောက်ပို့ဖို့ သွားခဲ့တယ်။

အန်ဒီရဲ့အိမ်ကိုရောက်တဲ့အခါ တံခါးထဲကိုဝင်လိုက်တာနဲ့ သွေးနံ့ရနိုင်ပါတယ်။ ဒီအချိန်မှာ အန်ဒီရဲ့အော်သံက ဂူထဲမှာ မရှိတော့ပါဘူး။ အယ်လ်ဗင်နဲ့ တခြားသူတွေက ရေတွေသယ်ပြီး အပြေးအလွှားဖြစ်‌နေ ကြတယ်။ သိသိသာသာကို၊ သူတို့က အညစ်အကြေးတွေ ဆေးနေတာဖြစ်ပြီး ဂူထဲကသွေးနံ့တွေက အဆက်မပြတ် လျော့နည်းသွားတယ်။ လူတိုင်းရဲ့မျက်နှာပေါ်က ၀မ်းသာအားရအမူအရာတွေကို
မြင်လိုက်ရတော့ ပိုင်မုက ကလေးက ချောချောမွေ့မွေ့ မွေးဖွားလာကြောင်း သိလိုက်ရတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now