Extra 1

3K 354 15
                                    

Unicode

Chapter 91 Extra 1

"မိန်းမ ကိုယ့်ရဲ့ မီးခိုးရောင်လည်စည်းကို မင်း တွေ့မိသေးလား" ကျိုးကျစ်ရွေ့က အ၀တ်ဗီရိုထဲမှာ အချိန်အတော်ကြာ ရှာဖွေခဲ့ပေမယ့် ပိုင်မု သူ့ကိုပေးခဲ့တဲ့ လည်စည်းကို ရှာမတွေ့ဘူး။ ဒါလေးက သူ့အနှစ်သက်ဆုံးလည်စည်းပဲ။

"မတွေ့မိဘူး ရှင့်ဘာသာရှင် သိမ်းထားတာမဟုတ်ဘူးလား" ချန်းချင်က စိတ်မရှည်စွာပြောလိုက်တယ်။ သူမရဲ့ခင်ပွန်းသည်က အစကတော့ အရမ်းကောင်းတယ်လို့ သူမခံစားရတယ်။ သူက ချောမောပြီး ငွေရှာနိုင်တယ်။ အံ့သြစရာကောင်းတာက ကျိုးကျစ်ရွေ့က ချောမောပေမယ့် သူ့ဘဝကတော့ ရှုပ်ယှက်ခတ်နေတာပဲဆိုတာကို အိမ်ထောင်ကျပြီးနောက်မှာ သူမရှာဖွေတွေ့ရှိခဲ့တာပဲ။ ပန်းတွေနဲ့ မြက်ခင်းတွေကို ရှာဖွေဖို့ အပြင်ထွက်တာမျိုးမဟုတ်ခဲ့ပေမယ့် အိမ်မှုကိစ္စမှန်သမျှ ဘာမှမလုပ်တတ်ပဲ သူ့အတွက် အရာအားလုံးလုပ်ပေးဖို့ကိုသာ စောင့်နေတတ်တဲ့ သခင်လေးတစ်ယောက်လိုမျိုး။ သူက ပိုက်ဆံရှာမှာဖြစ်ပေမယ့်လည်း ပိုက်ဆံအားလုံးကိုတော့ သူမဆီ လွှဲပေးမှာမဟုတ်ဘူး။

ဒီလူမှာ မျက်နှာကလွဲလို့ ဘာမှမရှိဘူး။သူက အမြဲတမ်း တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးတွေကို ဂရုမစိုက်တတ်ဘူး။ အခု သူမက အလုပ်ဆင်းပြီးနောက်မှာ နေ့တိုင်း ဒီသခင်လေးကို ပြုစုရတယ်။ သူမ တကယ်ကို ပင်ပန်းလွန်းလှပြီ။ သူမ ဘာလို့ *ရွှေယောက်ျားကို ရွေးမိခဲ့တာလဲ။(ချောမောခန့်ညားပြီး ပိုက်ဆံရှာနိုင်သောယောက်ျား)

ကျိုးကျစ်ရွေ့က ပထမဆုံးအိမ်ထောင်ကျတဲ့အချိန်တုန်းက သူဘာမှ မခံစားရဘူး။ ဒါက သူလိုချင်ခဲ့တဲ့ဘဝမျိုးလို့ သူ့ကိုယ်သူအမြဲ ပြောလေ့ရှိတယ်။ မိန်းမတစ်ယောက်နဲ့ လက်ထပ်တာ ၊ ကလေးတစ်ယောက်ယူတာ ၊ ပြီးတော့ ကလေးကို ပြုစုပျိုးထောင်တာမျိုးပေါ့။ ပိုင်မုကတော့ သူလက်ထပ်ပြီးရင်တောင် သူနဲ့အတူ ဆက်ရှိနေနိုင်သလို သူ(ပိုင်မု)က သူ့(ကျိုးကျစ်ရွေ့)ကို ဂရုစိုက်ပေးပြီး သူ့(ကျိုးကျစ်ရွေ့)ကို ဘယ်တော့မှ စွန့်လွှတ်သွားမှာ မဟုတ်ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now