Chapter 54.2

2.4K 409 2
                                    

Unicode

နောက်နေ့မနက်စောစောမှာ ခဲယ်လ်တစ်နဲ့ပိုင်မုတို့က မျိုးနွယ်စုခေါင်းဆောင်ကိုသွားရှာပြီး သူတို့ရဲ့အစီအစဉ်ကို ရှင်းပြလိုက်တယ်။နိရှီဇ၀နဲ့ မျိုးနွယ်စုခေါင်းဆောင်ရဲ့တွဲဖက်တို့ကလည်း နားထောင်နေကြပြီး သူတို့လည်းပဲ အရမ်းသိချင်စိတ်ဖြစ်နေကြတယ်။

"မနေ့က ဘာတွေဖြစ်သွားလဲဆိုတာ မျိုးနွယ်စုခေါင်းဆောင်သိတယ်မလား သားရဲအုပ်နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်လာခင် ကြိုတင်ပြင်ဆင်မှုတချို့ ကျွန်တော်လုပ်ထားချင်တယ်"

"ဒါဆို မင်းဘာတွေပြင်ဆင်ထားချင်လဲ ငါ့ကိုပြောပါ" မနေ့ကအဖြစ်အပျက်ကို မျိုးနွယ်စုခေါင်းဆောင်လည်း သိတယ်။ ပိုင်မုက မနေ့ကအတူတူတိုက်ခိုက်ဖို့ရာ  Orc လေးတွေကို ဦးဆောင်ပေးလို့ အသေအပျောက်မရှိခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ ဒီနေ့ သူတို့(ခဲယ်လ်တစ်နဲ့ပိုင်မု)သူ့ဆီမလာရင် ကျေးဇူးတင်ဖို့အတွက် သူတို့ဆီ သူသွားရလိမ့်မယ်။

"မျိုးနွယ်စုခေါင်းဆောင် မတိုက်ခိုက်နိုင်တဲ့ မျိုးနွယ်စုဝင်အားလုံးကို ထားနိုင်တဲ့ ဂူတစ်လုံးရှိလား သားရဲတွေ တိုက်ခိုက်လာရင်  လူစုမခွဲဘဲပဲ တစ်နေရာတည်းမှာပုန်းအောင်းရင် ကောင်းမယ်လို့ ကျွန်တော်ထင်တယ် ဒီနည်းလမ်းနဲ့ အန္တရာယ်ကြုံရင်လည်း တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးနိုင်တာပေါ့ အရွယ်ရောက်ခါနီးလူတွေကိုလည်း ပို့ပေးနိုင်တယ် orcs တွေက လူတိုင်းကို ကာကွယ်ပေးပေါ့ အဲ့ဒါက ပိုလုံခြုံလိမ့်မယ်မဟုတ်လား"ပိုင်မုက မျိုးနွယ်စုခေါင်းဆောင်ရဲ့အမူအရာကို အာရုံစိုက်ရင်းနဲ့ ပြောလိုက်တယ်။

"အဲ့လိုဂူတွေအများကြီးရှိတယ် ဂူကြီးက အရမ်းကြီးပြီး နွေးထွေးတာကြောင့် ဘယ်သူမှ သေမှာမဟုတ်ဘူး" မျိုးနွယ်စုခေါင်းဆောင်ကလည်း ပိုင်မုရဲ့အမြင်ကို သဘောတူတယ်။

“ကောင်းပါပြီ ဂူထဲမှာ ခိုင်ခံ့တဲ့ ခြံစည်းရိုးအလွှာတွေလည်း ရှိနေပြီး ကျောက်မီးသွေး၊တိရိစ္ဆာန်သားရေတွေ၊ ကျောက်တုံးတွေ၊ ချွန်ထက်တဲ့တုတ်တွေ၊ ဆီနဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်းထားတယ်  သေရေးရှင်ရေးကာလမျိုးမှာဆို ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တယ် ပြီးတော့ မနေ့က လင်းယုန်ကြီးကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ လက်နက်တွေဖြစ်တဲ့ လေးနဲ့မြှားတွေကိုလည်း လုပ်ဖို့လိုသေးတယ် ဒီနည်းလမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ မျိုးနွယ်စု၀င်တွေက အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်စွမ်းအတိုင်းအတာတစ်ခုအထိရှိလိမ့်မယ် orcs တွေရဲ့ကာကွယ်မှုနဲ့အတူ မျိုးနွယ်စု၀င်တွေက ပိုလုံခြုံလိမ့်မယ် ရှေ့ကနေ တိုက်ခိုက်လို့ရတယ် စောင့်ထိန်းနေစရာမလိုဘူး" အဲ့ဒီနောက် ပိုင်မုက မျိုးနွယ်စုခေါင်းဆောင်ကို ထောင်ချောက်တွေ စီစဉ်မယ့်သူ့စိတ်ကူးကို ပြောပြလိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now