Chapter 17.2

5.2K 881 6
                                    

(Unicode)

အဲ့ဒါက တော်တော်ကောင်းတာပဲလို့ ပိုင်မုက တွေးလိုက်တယ်။ဒါပေမယ့် အိမ်တစ်အိမ်ဆောက်မယ့်အတွေးက သူ့ရဲ့ဦးနှောက်ကလေးကို နာကျင်စေတယ်။ဒါက ကြီးမားတဲ့စီမံကိန်းကြီးလေ။ဒီနေရာမှာ ဟင်းသီးဟင်းရွက်တွေကြီးထွားအောင် စိုက်ပျိုးဖို့ သူဆုံးဖြတ်လိုက်ပြီ။နောက်ပိုင်းကျရင်တော့ အိမ်တစ်အိမ်ကို ဆောက်လုပ်ဖို့
သူ တတ်နိုင်လာမှာပါ။

"ခဲယ် ကျွန်တော် ဒီလိုမျိုးတစ်ခု လုပ်ချင်တယ်"ပိုင်မုက ခဲယ်လ်တစ်ကို သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောလိုက်ပေမယ့်  အိမ်ဆောက်လုပ်မှာကိုတော့ ယာယီမပြောခဲ့ဘူး။

"မင်း ဘာစိုက်ပျိုးချင်တာလဲ"ခဲယ်လ်တစ်က အံ့အားသင့်သွားတယ်။တောအုပ်ထဲမှာ အစားအစာအများကြီး စိုက်ပျိုးဖို့ လိုသေးလို့လား ။ပြီးတော့ ဘယ်လိုစိုက်ပျိုးကြမှာလဲ။

"ကျွန်တော် အစေ့တချို့ယူလာတယ် ကျွန်တော့်ရဲ့ဇာတိမြို့က အစားအစာတချို့ ကျွန်တော်စိုက်ချင်လို့"ပိုင်မုက သူ့မျက်နှာပေါ်က အတိတ်ကို လွမ်းဆွတ်နေတဲ့အမူအရာနဲ့ ပြောခဲ့ပြီး ခဲယ်လ်တစ်က သိသွားတယ်။

"ကောင်းပါပြီ‌ဗျာ မင်း ကိုယ့်ကို ဘယ်လိုစိုက်ရမလဲဆိုတာ သင်ပေးပါ ပြီးရင် ကိုယ် မင်းကို ကူညီမယ်"ခဲယ်လ်တစ်က သူ့စိတ်ကို အပင်စိုက်ဖို့အတွက်  ပြုပြင်လိုက်တယ်။ပိုင်မုက သူ့ကို အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာသာ သင်ပေးဖို့ လိုအပ်တယ်။

မျိုးနွယ်စုကို လည်ပတ်ပြီးနောက် နှစ်ယောက်သားပြန်လာခဲ့ကြတယ်။အိမ်မှာလုပ်ရမယ့်အရာတွေအများကြီး ရှိနေတုန်းပဲ။ပိုင်မုက ၀က်ပေါင်ခြောက်ကို အခြောက်လှန်းချင်ပြီး ခဲယ်လ်တစ်က ကျန်နေသေးတဲ့ အပြာရောင်သစ်သားတွေကို အမြှောင်းတွေဖြစ်အောင် လုပ်ချင်သေးတယ်။လမ်းမှာ ပိုင်မုနဲ့ဆုံတဲ့လူတွေက  ပိုင်မုကို ခေါင်းညိတ်ပြကြပြီး ပြုံးပြကြတယ်။ရင်းနှီးတဲ့သူ‌တွေကတော့ ဟယ်လိုလို့ပြောဖို့ အရှေ့ကို လာကြလိမ့်မယ်။လူတိုင်းရဲ့မျက်နှာတွေက ဒီနေ့မှာ ပျော်ရွှင်တဲ့အပြုံးလေးတွေနဲ့ ပြည့်နှက်နေတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now