Chapter 56.1

2.4K 395 5
                                    

Unicode

Chapter 56.1

ကောင်းကင်မှာ လှည့်ပတ်ပျံသန်းနေတဲ့ ငှက်တွေကို ပိုင်မုစိုက်ကြည့်လိုက်တယ်။ အဲဒီသောက်ငှက်တွေကိုတတ်နိုင်သမျှအမြန်ဆုံး သူတို့ကိုင်တွယ်ရမယ်။ အချို့သားရဲတွေက တောင်ပေါ်စတက်လာကြပြီဖြစ်ပြီး လူတွေကို သူစီစဉ်ထားခိုင်းတဲ့ သံမှိုကပ်ထားတဲ့သစ်သားပြားတွေက ခဏလောက် ကြန့်ကြာနေဆဲဖြစ်တယ်။ ဒီငှက်တွေကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းတာကသာ ကျန်ရှိတဲ့အချိန်တွေမှာ သူတို့က သားရဲတွေကို အပြည့်အဝကိုင်တွယ်နိုင်မှာဖြစ်တယ်။

"မင်းတို့အပြင်ထွက်ပြီးတာနဲ့ အဝေးကြီးမပျံကြနဲ့ ပြီးတော့လူစုမခွဲကြနဲ့ အဲ့လိုလုပ်ရင် အရမ်းအန္တရာယ်များလိမ့်မယ် အခြေအနေတစ်ခုခုမှားလာရင် ဂူပေါက်ဝကိုသာ ပြန်ပြေးလာခဲ့ကြ မြားပစ်သမားတွေက မင်းတို့ကို ကူညီလိမ့်မယ်" အချိန်နီးလာတာကိုမြင်တော့ ပိုင်မုက အလေးအနက်ထပ်တိုက်တွန်းလိုက်ပြီး တံခါးကိုဖွင့်လိုက်ကာ သူတို့ကိုအပြင်ပေးထွက်လိုက်တယ်။

ဘယ်ကီက သူ့အပေါင်းအဖော်တွေက်ု ခေါ်ထုတ်သွားပြီးနောက် ပိုင်မုရဲ့ရှင်းပြချက်ကို သတိရသွားပြီး  သူက အရမ်းအဝေးကြီးကို မပျံသန်းသွားခဲ့ဘူး။ အဲ့ဒါကို ပိုင်မုကို အရမ်းစိတ်ကျေနပ်သွားစေတယ်။ရန်သူတွေက နောက်ဆုံးမှာ ရှေ့ကိုထွက်လာတာကို တွေ့လိုက်ရတာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ ငှက်တွေက အဲ့ဒီကိုပျံသန်းလာခဲ့ပြီး ခြင်္သေ့လေးတွေကို တိုက်ခိုက်ခဲ့တယ်။

ဘယ်ကီနဲ့အခြားသူတွေက စစ်မြေပြင်ပေါ်  ရောက်ရှိနေကြပါပြီ။ ကြီးမားတဲ့
ရန်သူအရေအတွက်ကို ရင်ဆိုင်ရတဲ့အခါ သူတို့က ကြောက်စိတ်မမွှန်သွားကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီခဲ့ကြကာ အခွင့်အရေးသာရင် ရှေ့ကိုချီတက်ပြီး အခြေမနေမဟန်တဲ့အခါကျရင်တော့ ပြန်ဆုတ်ခွာခဲ့ကြတယ်။
တကယ်တော့ ဒီတိုက်ပွဲမှာ အသက်အရွယ်ပိုကြီးတဲ့orcsလေးတွေအများကြီးပါဝင်ခဲ့ကြတာကြောင့် လူတစ်ယောက်ကို ငှက်နှစ်ကောင်ကိုင်တွယ်ဖြေရှင်းဖို့က ပြဿနာမရှိခဲ့ပါဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now