Chapter 67

2.3K 335 1
                                    

Unicode

Chapter 67.1

ထိုအချိန်မှာ ဂူထဲက ပြင်းထန်စွာ ဒဏ်ရာရရှိထားတဲ့ လူနာတွေကို အခြေအနေ တည်ငြိမ်သွားပြီးနောက်မှာ ပြုစုစောင့်ရှောက်ဖို့ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်။ ထပ်ခါထပ်ခါ ပြန်လည်ဖျားနာနေတဲ့ ကျန်တဲ့လူနာအနည်းငယ်ကိုလည်း အနီးနားမှာရှိတဲ့ဂူဆီ ခေါ်ဆောင်သွားခဲ့တယ်။ တကယ်တော့ ဒီဂူကြီးက  ကျယ်လွန်းပြီး မနွေးထွေးတာကြောင့်  လူနည်းသွားတော့ ပိုအေးလာတယ်။ အခု ကယ်ဆယ်ရေးဂူကို ရွှေ့ပြောင်းပြီးပါပြီ။

အန်ဒီက ကျောက်သားကုတင်ပေါ် ထိုင်နေတဲ့အားမိုကို ကြည့်လိုက်တယ်။ သူ့မျက်နှာကို ပတ်တီးနဲ့ အုပ်ထားတယ်။ ပတ်တီးအောက်မှာ ကြောက်စရာကောင်းတဲ့ ဒဏ်ရာတစ်ခုရှိတယ်ဆိုတာ အန်ဒီသိတယ်။သူက တုန်တုန်ယင်ယင်နဲ့ လက်ကို ဆန့်တန်းလိုက်ပြီး ပတ်တီးအပြင်ဘက်ဘက်ရှိ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်တယ်။ ပြီးတော့ တွန့်ဆုတ်နေပြီး အပြစ်ရှိတဲ့မျက်၀န်းတွေနဲ့  ဆို့နင်နေတဲ့အသံတို့နဲ့အတူ မေးလိုက်တယ်။ "နာလား"

"မနာတော့ဘူး"အားမိုက အန်ဒီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အခုသူ့အခြေအနေအတွက်  အန်ဒီခံစားနေရတာကို သူသိပါတယ်။ "မျက်လုံးတစ်ဖက်ပဲ ဆုံးရှုံးသွားရလို့ ကိုယ်တို့ကျေးဇူးတင်ရမယ် ကိုယ် မင်းရဲ့အနားမှာ ဆက်ရှိနေနိုင်ပြီး ကိုယ်တို့သားလေး ကြီးပြင်းလာတာကို ဆက်စောင့်ကြည့်နေနိုင်တယ်လေ"

ခြင်္သေ့ကလေးကားတစ်က သူ့မိဘတွေ သူ့ကို လျစ်လျူရှုထားပြီး သူ့မိခင်နဲ့ဖခင်ရဲ့ခြေရင်းမှာ ပေါင်းကူးလေးလိုလုပ်ထားတာကို သူတွေ့လိုက်ရတယ်။ သူက ညည်းညူပြီး ဆန္ဒပြလိုက်တယ်။

"အင်း၊ အဲဒါက ဆိုးရွားတဲ့ရလဒ်တော့ မဟုတ်ဘူး ငါတို့ကားတစ်က မင်းကိုအရမ်းစိုးရိမ်နေတယ်" အန်ဒီက သူ့ခြေရင်းမှာ အမြဲရှိနေတတ်တဲ့ သူ့သားကို ကောက်ချီလိုက်ပြီး အားမိုအနားမှာ ထားလိုက်တယ်။ အားမိုရဲ့ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ပင့်တက်သွားခဲ့တယ်။ အားမိုက  ကောင်ကလေးကို မြှောက်ချီလိုက်ပြီး ဒီတစ်ခါတော့ ကောင်ကလေးကို ထိတ်လန့်သွားစေခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now