Chapter 63.1

2K 330 2
                                    

Unicode

Chapter 63.1

ရုတ်တရက်၊ orcsတွေနဲ့ ဧကရာဇ်သားရဲအကြားက တိုက်ပွဲက စိုးရိမ်သောကရောက်စရာအခြေအနေကို ရောက်ရှိသွားခဲ့ကာ အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှမတတ်နိုင်ပါဘူး။ မြှားပစ်သမားတွေက မြှားကို ဧကရာဇ်သားရဲရဲ့ အသားကိုထိအောင် ဆက်ပစ်နေကြတယ်။  ဧကရာဇ်သားရဲရဲ့လှုပ်ရှားမှုတိုင်းက သူ့ခန္ဓာကိုယ်ကြွက်သားတွေကို သက်ရောက်စေပြီး ဒဏ်ရာတစ်လျှောက်မှာ သွေးတွေ ဆက်တိုက်စီးကျနေတယ်။

ထိုအချိန်မှာ ပြင်းထန်စွာဒဏ်ရာရနေတဲ့ orcs အများအပြားကို ဂူထဲမှာ လက်ခံခဲ့ရတယ်။  သူတို့ရဲ့ သွေးစွန်းနေတဲ့ဒဏ်ရာတွေကို ကြည့်မိလိုက်တော့ ပိုင်မုရဲ့ မျက်ခုံးတွေက မျက်မှောင်ကြုတ်သွားပြီး ခဲယ်လ်တစ်ရဲ့လုံခြုံရေးအတွက် သူ စိတ်ပူသွားတယ်။

"ဇက်ခ်ရိ မင်းဘာဖြစ်လို့လဲ " အယ်လ်ဗင်က  ဒီတစ်ကြိမ်မှာအပို့ခံလိုက်ရတဲ့ သူ့ချစ်သူကို ကြည့်လိုက်တော့ သူ့အခြေအနေက အရမ်းဆိုးဝါးတယ်။ဇက်ခ်ရိရှင်းပြလိုက်တော့ သူ့မျက်လုံးတွေက နီမြန်းလာပြီး ကြီးမြတ်တဲ့စုန်းမကုသပေးတာခံယူဖို့ ဂူထဲ၀င်ဖို့ရာအတွက် တုန်တုန်ယင်ယင်နဲ့ ကူညီဖို့ရှေ့တိုးလာခဲ့တယ်။

" အေဘယ် ဘာဖြစ်နေတာလဲ " ပိုင်မုက ဇက်ခ်ရိကို ပြန်ပို့ခဲ့တဲ့ အေဘယ်ကို တား‌ဆီးလိုက်တယ်။

"တိလီသားရဲက အလျင်စလိုနဲ့ Orc တွေရဲ့ ထိန်းချုပ်မှုအလယ်ဘက်ရှိတဲ့နေရာကို ပြေးလာပြီး  မိန်းမပျိုတွေရဲ့ အသက်ထိခိုက်စေတဲ့ တိုက်ခိုက်မှုကို ဖယ်ထုတ်ဖို့ ကြံစည်ခဲ့တယ် ဇက်ခ်ရိက တိလီသားရဲ  တိုက်ခိုက်တာကို တားဆီးချင်တယ်လေ  ပြီးတော့ ဒီလိုမျိုးဖြစ်သွားတာပဲ"

"ဒါဆို တခြား orcsတွေရော ဘယ်လိုလဲ "ပိုင်မုက  ထူးဆန်းသလို ခံစားလိုက်ရတယ် ။ဧကရာဇ်သားရဲနောက်ကို လိုက်နေတဲ့orcs ငါးကောင်ရှိတာကို သူ မြင်ခဲ့ရတယ်မဟုတ်ဘူးလား ။ ဇက်ခ်ရိက ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာကို  ဘယ် လိုခံစားရမှာလဲ။ 

"တခြားသူတွေလည်းပဲ ဒဏ်ရာရသွားတယ် ဇက်ခ်ရိက  ဧကရာဇ်သားရဲရဲ့အားနည်းချက်ကို ရှာဖွေတွေ့ရှိပြီး အပြင်းအထန် တိုက်ခိုက်တဲ့အချိန်တုန်းက ဇက်ခ်ရိက  ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာကိုထပ်ရခဲ့တာပါ "

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now