Chapter 45.1

2.9K 480 4
                                    

Unicode

အေးစက်နေတဲ့ လရောင်က မြေပြင်ပေါ် ကို ငွေရောင်ဖြာလင်းနေစေတာကြောင့် ညရဲ့ အမှောင်ထုကို လျော့နည်းသွားစေတယ်။ခဲယ်လ်တစ်အိမ်က ထွက်လာတဲ့အေဘယ်နဲ့အယ်လီတို့က အိမ်အပြန်လမ်းမှာ လမ်းလျှောက်နေကြတယ်။ သူတို့ ဒီနေ့မှာ လူတိုင်းနဲ့ဆုံပြီး ထမင်းစားခဲ့ကြတယ်။ ဘာမှမထည့်ဘဲ ချက်ပြုတ်တဲ့အခါမှာတောင် လူလူသားရဲက အရသာရှိတယ်။သင့်လျော်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်လိုက်တော့ ပိုအရသာရှိလာခဲ့ပါတယ်။ လူလူသားရဲအသားက သိပ်မများပေမယ့်လည်း ဘေးကင်းပါတယ်။အန်းချီလော့က  စွပ်ပြုတ်အများကြီးချက်ခဲ့ပြီး လူတိုင်းက စွပ်ပြုတ်တွေအများကြီးသောက်ခဲ့ကြတယ်။ ထမင်းစားပြီးနောက်မှာ အယ်လီက ပစ္စည်းတွေကို ကူညီသန့်ရှင်းပေးခဲ့ပြီး နောက်ဆုံးမှာ အေဘယ်နဲ့အတူ ထွက်သွားခဲ့တယ်။

“ပွဲတော်နီးသထက်နီးလာလို့ ငါအရမ်းစိတ်လှုပ်ရှားနေတယ်” အယ်လီက အခု ပွဲတော်ကိုစောင့်မျှော်နေပြီး နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်။

"အင်း၊ ငါလည်းပဲ တကယ်ကို စိတ်လှုပ်ရှားနေတယ် ငါတို့ မကြာခင်လက်တွဲဖော် ဖြစ်လာပြီး အတူနေနိုင်တော့မယ်" အေဘယ်က အယ်လီရဲ့လက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။

"ငါလည်း မင်းနဲ့အတူတူနေချင်နေပြီ" အယ်လီက ကိုင်ထားတဲ့ လက်တွေကိုကြည့်လိုက်ပြီး ချိုသာစွာ ပြုံးပြလိုက်ကာ  ဖိအားတွေက မှော်လိုပဲ ပျောက်ကွယ်သွားတော့တယ်။ သူကြိုက်တဲ့လူနဲ့နေရတော့မယ်။ သူဘာတွေကို စိတ်ပူနေတာလဲ။ပြီးတော့ အေဘယ်က သူ့အပေါ် အမြဲကောင်းပေးခဲ့တာလေ။

"ကျွန်တော် အယ်လီကို ထပ်မစောင့်နိုင်တော့ဘူး၊ ပွဲတော်ကို မြန်မြန်ရောက်စေချင်နေပြီ"

ရက်အနည်းငယ်ကြာပြီးရင် ကျင်းပမယ့်ပွဲတော်ရဲ့ဒီတစ်ကြိမ်မှာတော့ ပိုင်မုက တွဲဖက်ပွဲအခမ်းအနားကို ပြင်ဆင်ဖို့ ကူညီပေးခဲ့တယ်။ "အဲဒီနေ့မှာ လူတိုင်းက အရမ်းပျော်ရွှင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ် ကျွန်တော်တို့(မျိုးနွယ်စု)ရဲ့ တွဲဖက်ပွဲက အရင်နှစ်တွေနဲ့ မတူဘူးလေ"ဒါကိုပြောပြီး အယ်လီက သိသိသာသာကို စိတ်လှုပ်ရှားနေတယ်။ဒီရက်တွေမှာ သူတို့နဲ့အန်းချီ‌လော့က အတူတူ အဝတ်အစားတွေ လုပ်ကြတယ်။ အေဘယ်အတွက် တိရိစ္ဆာန်သားရေ၀တ်စုံတစ်စုံကို သူပြုလုပ်ခဲ့တယ်။အေဘယ်က  အဲဒါကို ဝတ်လိုက်တဲ့အခါ သူ(အေဘယ်) ကြက်သေ,သေသွားသွားတယ်။ အေဘယ်က အရမ်းကို ကြည့်ကောင်းတာပဲ။ သူ့(အေဘယ်)ကိုယ်ပိုင်အဝတ်အစားတွေက အချို့အလှဆင်ပစ္စည်းတွေ ထည့်ချုပ်လုပ်မထားပေမယ့် ချုပ်လုပ်ပြီးတာ အရမ်းမြန်လွန်းတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now