Chapter 41.2

3.2K 515 7
                                    

Unicode

ခဲယ်လ်တစ်က ၀က်သားဆန်ပြုတ်သောက်ရတာကို မကြိုက်ပေမယ့်လည်း ပိုင်မုက ဒီအရာက သူတို့အတွက် အဓိက အစားအစာဖြစ်ပြီး ဗိုက်ပြည့်ရုံသာမက သုံးနှစ်လောက်ထိ သိမ်းဆည်းထားနိုင်ကြောင်း ပြောခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ခဲယ်လ်တစ်က ပိုများများလိုချင်လာခဲ့တာ။ ထို့နောက် သိမ်းဆည်းဖို့အတွက် ဂူတစ်ဂူဆီ ပြောင်းရွှေ့ဖို့ အခွင့်အလမ်းတွေကို ရှာဖွေပါမယ်။ နောင်ကျလို့   စားနပ်ရိက္ခာမလုံလောက်ရင် ဆန်ကို ဆန်ပြုတ်အဖြစ် ပြုတ်စားနိုင်တယ်။

ဒါပေမယ့် စပါးနဲ့ဂျုံပေါ်က အခွံကို ဖယ်ရတာက ဒုက္ခများတယ်။ဒါကြောင့် ပိုင်မုက အဲဒီမှော်ဆန်တဲ့စာအုပ်တွေထဲက နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ပြီး အခွံခွှာလို့ရတဲ့ကျောက်သားကြိတ်စက်အကြောင်းကို တမင်တကာ သူ့(ခဲယ်လ်တစ်)ကိုပြောခဲ့ပါတယ်။

"အဆင်ပြေတယ်၊ မင်းအရင်တုန်းက ကျောက်သားကြိတ်စက်ကို ကိုယ့်ကို ဘာလို့မပြခဲ့တာလဲ ဆန်နဲ့ ဂျုံတွေကို ပြန်ယူလာဖို့ ကိုယ်တို့ အချိန်ရှာလိုက်မယ်၊ ပြီးတော့ကျောက်သားကြိတ်စက်တစ်ခုလုပ်ပြီး  အခွံခွှာကြမယ် "ခဲယ်လ်တစ်က ဒီအကြောင်းကို တွေးနေခဲ့တာကြာပြီ။ မိုးက တခါတလေ ပိုရွာတတ်ပြီး ကျောက်ခဲရှာဖို့ အချိန်မရှိပါဘူး။ အခု သူ တစ်စုံတစ်ယောက်ကို အကူအညီတောင်းလိုက်ပါက မကြာခင် ကျောက်သားကြိတ်စက်ကို ရနိုင်တယ်။

" ကောင်းပါပြီ နောက်တစ်ခါ ကျွန်တော်တို့ အပြင်ထွက်တဲ့အခါ ရအောင်လုပ်ကြတာပေါ့" ပိုင်မုက ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်တယ်။သူလည်းပဲ ထမင်စစောစော စားချင်တယ်။

"မျိုးနွယ်စုထဲက အသက်ကြီးတဲ့မိန်းမကြီးတွေကို အားမိုရဲ့အိမ်မှာ ကူညီဖို့ မျိုးနွယ်စုခေါင်းဆောင်က စီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် အားမိုက မင်းချက်ထားတာက အရသာရှိပြီး အန်ဒီလည်း အရမ်းကြိုက်တယ်လို့ ပြောခဲ့တယ်။မင်း အန်ဒီရဲ့ အစားအစာကို တစ်လလောက် လုပ်ပေးနိုင်မလား အန်ဒီအပြည့်အဝ ပြန်ကောင်းလာတဲ့ထိပါပဲတဲ့" ခဲယ်လ်တစ်က ဒီနေ့အားမို လုပ်ဖို့တောင်းဆိုခိုင်းလိုက်တာကို  သတိရသွားပြီး ပိုင်မုရဲ့ အကြံဉာဏ်ကို တောင်းခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now