Chapter 52.1

2.4K 422 4
                                    

Unicode

သားရဲအုပ်က နီးသထက်နီးလာခဲ့ပြီး  သားရဲအုပ်ရှေ့မှာတော့ ခွေးအနဲ့တူတဲ့ ကြီးမားတဲ့အနက်ရောင်သားရဲအနည်းငယ်က ပြေးလာနေကြတယ်။ဒါ့အပြင် အထင်ရှားဆုံးသားရဲက ထူးဆန်းတဲ့သားရဲတစ်မျိုးဖြစ်ပြီး သူ့မှာ ငှက်ဦးခေါင်းနဲ့ လည်ပင်း၊ ရှဉ့်ကိုယ်ထည်၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းအမြီးနဲ့တူတဲ့ငှက်မြီးနဲ့ ငှက်ကုလားအုတ်တွေရဲ့ ခြေထောက်တွေရှိတယ်။ သူတို့က အရပ်ရှည်တယ် ၊ လျင်မြန်ပြီးတော့ အားကောင်းတဲ့ခြေထောက်တွေနဲ့ ချွန်ထက်တဲ့နှုတ်သီးတစ်စုံရှိတယ်။

ပထမဆုံးဟိန်းဟောက်သံကိုလုပ်ခဲ့တဲ့ သားရဲက ဧကရာဇ်သားရဲလို့ခေါ်တဲ့ အသားစားသတ္တဝါကြီးဖြစ်တယ်။ကျားနဲ့ခြင်္သေ့တွေက ကမ္ဘာပေါ်မှာရှိတဲ့ အသားစားသတ္တဝါတို့ရဲ့ဘုရင်တွေဆိုရင် ဧကရာဇ်သားရဲက ဒီတိုက်ကြီးမှာရှိတဲ့ သားရဲတို့ရဲ့ဘုရင်ဖြစ်တယ်။ သူ့မှာ နီညိုရောင်အမွေးတွေနဲ့ သံမဏိကြာပွတ်လိုမျိုး အမြီးရှိတယ်။ အဲ့ဒါကြီးက အရွယ်အစားကြီးမားပြီး စွမ်းအားကြီးမားကာ နှစ်များစွာကျော်လွန်ပြီးနောက်မှာ orcs တွေကြောင့် ဖျက်ဆီးခံရလိမ့်မယ်။

ဆန့်ကျင်ဘက်ခြမ်းမှာရှိတဲ့ ကြီးမားတဲ့သားရဲအစုအဝေးကြီးကို ကြည့်လိုက်တဲ့အခါ Orcsတွေက နည်းနည်းလေးတောင် ကြောက်ရွံ့ခြင်းမရှိဘူး။အခုသူတို့ရဲ့နှလုံးသားတွေက တိုက်ပွဲဝင်စိတ်ဓာတ်တွေ ပြည့်နှက်နေခဲ့တယ်။သူတို့က မျိုးနွယ်စုရဲ့စစ်သည်တွေ ၊ မျိုးနွယ်စုရဲ့ ကာကွယ်သူတွေ ဖြစ်ကြတယ်၊ မျိုးနွယ်စုအတွက်၊ သူတို့ရဲ့မိသားစု အတွက် တိုက်ပွဲ၀င်ဖို့ မကြောက်ကြဘူး။အဲ့ဒီorcs တွေက အသက်နှစ်ဆယ်၊ ဆယ့်ငါးနှစ်နဲ့အထက် အရွယ်ရောက်ပြီးတဲ့orcs တွေဖြစ်ပြီး အသက်ဆယ့်ငါးနှစ်အောက်သူတွေက တောင်ခြေရင်းက ဒုတိယကာကွယ်ရေးလိုင်းကိုပဲ ဖွဲ့စည်းနိုင်တယ်။ ဒါပေမယ့် အဲ့ဒီကလေးတွေက အယောက်နှစ်ဆယ်လောက်ပဲရှိတယ်။

ခဲယ်လ်တစ်နဲ့လိန်းကျယ်က အတူတူရပ်နေခဲ့ပြီး သူတို့ကနှစ်ပေါင်းများစွာ ဘေးချင်းယှဉ်တိုက်ပွဲဝင်ခဲ့တဲ့  လက်တွဲဖော်တွေဖြစ်တယ်။သူတို့က   ပြောစရာမလိုပဲပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သေစေလုနီးပါး အန္တရာယ်တွေကနေ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ကြတယ်။ ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အရင်ဆုံးပူးပေါင်းကာ ခွေးအတစ်ကောင်ကို ချက်ချင်းသတ်ပစ်လိုက်ကြတယ်။ ‌သားရဲအုပ်နဲ့ Orcs အကြား တိုက်ပွဲက နောက်ဆုံးမှာ စတင်ပြီဖြစ်တယ်။ ရှေ့ဆုံးက ပြေးလာတဲ့သားရဲအနည်းငယ်က အချင်းချင်းဆုံပြီးတာနဲ့တပြိုင်နက်  Orcs တွေရဲ့ လက်သည်းတွေအောက်မှာ ဝမ်းနည်းဖွယ်ရာ သေဆုံးသွားခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now