Chapter 24.1

4.6K 894 14
                                    

(Unicode)

ပိုင်မုက ခဲယ်လ်တစ်ကို စိုက်ကွင်းတွေကို တချက်ကြည့်ဖို့ ခေါ်သွားခဲ့တယ်။အခု စိုက်ကွင်းထဲမှာ ခရမ်းချဉ်သီးတွေ၊ ဖရဲသီးတွေ၊ စပါးတွေနဲ့ တခြားကောက်ပဲသီးနှံတွေ ကြီးထွားနေကြတယ်။ပိုင်မုက ခဲယ်လ်တစ်ကို စိတ်ရှည်ရှည်နဲ့ မိတ်ဆက်ပေးခဲ့ပြီး သူအရင်က အချိန်အကြာကြီးရွေးချယ်နေခဲ့တဲ့ ကုန်းမြေက ဒီအပင်တွေကို စိုက်ပျိုးဖို့လို့ သူ့(ခဲယ်လ်တစ်)ကို ပြောခဲ့တယ်။တချို့ကတော့ တောထဲမှာ ရှာဖွေဖို့လိုအပ်နေသေးတယ်။အပင်စိုက်ပျိုးတာကသာ အောင်မြင်ခဲ့ရင် မျိုးနွယ်စုထဲမှာ ငတ်မွတ်ပြီး အစာရေစာပြတ်လပ်တဲ့အကြောင်းကို စိုးရိမ်ဖို့ မလိုအပ်တော့ပါဘူး။

ခဲယ်လ်တစ်က စိမ်းလန်းနေတဲ့မြေပြင်ကို စိတ်အားထက်သန်တဲ့မျက်၀န်းတွေနဲ့ ကြည့်ရှုခဲ့တယ်။သူ့စိတ်ထဲမှာတော့ မျိုးနွယ်စုကလည်းပဲ စိုက်ကွင်းတွေထဲမှာ အပင်စိုက်ပျိုးနိုင်မယ်လို့  စိတ်ကူးကြည့်နေခဲ့ပြီး မျိုးနွယ်စု၀င်တွေမှာ အစားအစာနဲ့အ၀တ်အစား အလျှံပယ်ရှိနေတယ်။အဲ့ဒီနေ့ရက်တွေက သူအမြဲတွေးတောခဲ့ရတဲ့အရာပါပဲ။

"အဲ့ဒါအကုန်လုံး မင်းစိုက်ပျိုးထားတာလား"ခဲယ်လ်တစ်က သူ့ရှေ့က ကြီးမားတဲ့စိုက်ကွင်းကို ကြည့်လိုက်ပြီး ပိုင်မုကို ကြည့်လိုက်တယ်။

"ဟုတ်တယ် ကျွန်တော့်အသက်ရှူသံပျောက်သွားတယ်လို့ ခင်ဗျားခံစားမိတဲ့အချိန်တိုင်း ကျွန်တော် ဒီကိုရောက်နေတာလေ ကျွန်တော် နေ့တိုင်း ကုန်းမြေမှာ အပင်စိုက်ပြီး ရေပူစမ်းမှာ စိမ်တယ်"ပိုင်မုက စိုက်ကွင်းထဲက အားရစဖွယ်ကောင်းတဲ့ကောက်ပဲသီးနှံတွေကို ကြည့်ပြီး အရမ်းကျေနပ်နေတယ်။ဒီရက်တွေမှာ အလုပ်ကြိုးစားရတာ ထိုက်တန်တာပဲ။

"မင်းအလုပ်ကြိုးစားခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ အနာဂတ်မှာ အလုပ်အားလုံးကို ကိုယ်လုပ်မယ်နော် အရမ်းမပင်ပန်းစေနဲ့"ခဲယ်လ်တစ်က ပိုင်မုကို ကြင်နာစွာကြည့်လိုက်ပြီး သူ့(ပိုင်မု)ရဲ့ လတ်တလောပင်ပန်းနွမ်းနယ်မှုတွေအတွက် စိတ်သောကရောက်နေခဲ့တယ်။

"ကောင်းပြီ ခင်ဗျားရဲ့အကူအညီနဲ့ဆို ကျွန်တော်ပိုပြီး အနားယူလို့ရလိမ့်မယ် ပြီးတော့ တခြားအရာတွေကိုလုပ်ဖို့ အချိန်ကိုလည်း ပိုပေးနိုင်တာပေါ့"ပိုင်မုက အဆင်သင့်သဘောတူလိုက်တယ်။ဆောင်းတွင်းရောက်တဲ့အခါ တစ်စုံတစ်ယောက်က သူ့အတွက် ပြင်ဆင်ပေးနိုင်ပြီး အဲ့ဒါက ဒီလောက်မခက်ခဲပါဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now