Chapter 84

2.2K 337 0
                                    

Unicode

Chapter 84.1

ပိုင်မု ကောင်းကင်မှာပျံဝဲနေတဲ့ ငှက်အုပ်ကို ကြည့်လိုက်တော့ အရေအတွက် သိပ်မများတဲ့ပုံပဲ။ ချောက်အထက်ကိုရောက်နေတဲ့ orcs တွေကတော့ ငှက်တွေနဲ့ တိုက်ခိုက်နေကြပြီဖြစ်ပြီး orcs တွေရဲ့ဟိန်းဟောက်သံတွေနဲ့ ငှက်အော်သံတွေ ပြည့်နှက်နေတယ်။ ကောင်းကင်မှာတော့ သွေးမိုးတွေရွာနေတာနဲ့အတူ ငှက်မွေးတွေဆက်တိုက် ကျလာကာ မြင်ကွင်းက အရမ်းကို အံ့မခန်း လက်ဖျားခါလောက်ရမယ့်ပုံပေါ်တယ်။ မြေပြင်ပေါ်ရှိလူတွေကလည်း ပျင်းမနေခဲ့ကြဘဲ ဒူးလေးကြီးရဲ့သက်‌ရောက်နိုင်တဲ့ အကွာအဝေးအတွင်းက ငှက်တွေကို တိုက်ခိုက်ခဲ့တယ်။ဧရာမမြှားတစ်စင်းက သူ့နောက်က အစိမ်းဖျော့ဖျော့အမြီးနဲ့အတူ မြေပြင်ကနေ မြင့်တက်လာပြီး  မြှားက အေးစက်စက်အလင်းရောင်တစ်ချက် ဖျတ်ခနဲ တောက်ပသွားတယ်။

ငှက်ရဲ့ခန္ဓာကိုယ်ထဲ မြှားစိုက်၀င်သွားတာကို မြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲ အသားထဲမြှားစိုက်သွားတဲ့အသံကိုတောင် ပိုင်မုကြားလိုက်ရပုံပဲ။ထို့နောက် ကောင်းကင်မှာ သွေးမိုးတွေ ထပ်ရွာလာပြီး မြှားထိသွားတဲ့ငှက်က မြေပြင်ပေါ် ပြုတ်ကျလာခဲ့တယ်။ Orcs တွေက ပြုတ်ကျနေတဲ့ ငှက်အလောင်းတွေကို ဖမ်းယူဖို့ အလျင်အမြန်ပျံသန်းလိုက်ကြပြီး ချိုင့်ဝှမ်းထဲရှိ အိမ်တွေ ပြိုကျမှာကနေ ကာကွယ်လိုက်တယ်။

အချက်ကောင်းမထိသွားပုံရတဲ့ ငှက်အချို့က ၎င်းတို့ရဲ့ အတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ပြီး လွတ်မြောက်ဖို့ ရုန်းကန်နေကြပေမယ့်လည်း အောက်မှာရှိနေတဲ့လူတွေ ကြိုးနဲ့ ဆွဲချတာကို ခံလိုက်ရတယ်။မြှားထိပ်ပေါ်က ဆူးတွေက သူတို့ရဲ့အသားတွေကို ပြင်းပြင်းထန်ထန် ချိတ်မိပြီး နာကျင်စေတယ်။

‌ကောင်းကင်ကနေ ဖြာကျလာတဲ့ သွေးတွေက နှင်းတွေပေါ်မှာ အစွန်းအထင်းတွေဖြစ်သွားတာကို ပိုင်မုစောင့်ကြည့်နေခဲ့ပြီး ငွားငွားစွင့်စွင့်ပွင့်နေတဲ့ ပန်းပွင့်တွေလို စွဲမက်ဖွယ်ကောင်းကာ လှပပေမယ့်လည်း ဒါက လူအများကို အေးစိမ့်စိမ့်ခံစားရစေတယ်။ သွေးနံ့က လေထဲမှာ ဖြည်းညှင်းစွာ စတင်ပျံ့နှံ့လာတော့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now