Chapter 74

2.1K 362 1
                                    

Unicode

Chapter 74.1

ပိုင်မုက လတ်တလောမှာ အလျင်စလိုဖြစ်နေတယ်။ သူ ဒီကမ္ဘာကို ရောက်ရှိလာပြီးကတည်းက သူ့ကံက ကောင်းမွန်နေခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ် အရေးကြီးကိစ္စမှာတော့ ဘာရလဒ်မှ ထွက်ပေါ်လာခြင်းမရှိတော့ဘဲ သူ့ကံကောင်းမှုတွေက ကုန်ဆုံးသွားပြီလားလို့တောင် တွေးမိလာတယ်။ ခဲယ်လ်တစ်က သူ့ကို ကြည့်လိုက်ပြီး ရွေးချယ်စရာမရှိတော့ဘဲ တစ်ခုခုလုပ်ကြည့်ဖို့ ဆွဲဆောင်ရတော့တယ်။

ပိုင်မုက အခြားနည်းလမ်းတွေကို အသုံးပြုကြည့်ဖို့အတွက် ဒီနည်းလမ်းကို အရှုံးပေးလိုက်ချင်ပေမယ့်လည်း နောက်တကြိမ်မှာ အဲ့ဒါကို ရှာတွေ့နိုင်လိမ့်မယ်လို့ အမြဲခံစားရတာကြောင့် အရှုံးပေးလိုက်ဖို့ရာ တွန့်ဆုတ်နေခဲ့တယ်။Er နဲ့ ပုကျီက လက်ရှိအခြေအနေကိုကြည့်ပြီး ဘာမှမပြောပေမယ့် ကိစ္စတွေအားလုံးကတော့ အရင်ကနဲ့တူတူပါပဲ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ပိုင်မုက လူတွေကို စက်ဝိုင်းပုံ မြေစေး‌ကွက်လပ်တွေ တည်ဆောက်ဖို့နဲ့ အုတ်ကြွပ်တွေဖုတ်ဖို့အတွက် မြေစေးတွေ အသုံးပြုဖို့ ပြောထားပြီးပြီ။ ထို့နောက် ဆလင်ဒါပုံစံမြေစေးချပ်ကို လေးပိုင်း ဒါမှမဟုတ်  ခြောက်ပိုင်းခွဲကာ ဆလင်ဒါပုံစံအုတ်ကြွပ်အဖြစ် အုတ်ဖုတ်မီးဖိုမှာ မီးဖုတ်ထားဖို့လည်း တောင်းဆိုခဲ့တယ်။ အုတ်ကြွပ်ဖုတ်တာက အလွန်ရိုးရှင်းပြီး လုပ်ငန်းစဉ်ကလည်း ပင်ပန်းခက်ခဲခြင်းမရှိပါဘူး။ တိုးတက်မှုက အုတ်ဖုတ်တာထက် အများကြီး ပိုမြန်တယ်။

ပိုင်မု၊ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့က အပြင်ကနေ ကောက်ညှင်းစပါးများစွာကို ပြန်သယ်ယူလာကြတယ်။အိမ်ဆောက်တာ နှောင့်နှေးရင်တောင် မြို့ရိုးကိုတော့ ဒီထပ်ပိုပြီး နှောင့်နှေးလို့မရနိုင်တော့ဘူး၊ အဲဒါက မျိုးနွယ်စုတွေရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တယ်လေ။

မြို့ရိုးတည်ဆောက်မယ့်နေရာကို ခြောက်မီတာကျယ်တဲ့ ချိုင့်ဝှမ်းထဲမှာ ရွေးချယ်ခဲ့ပြီး ဂိတ်တံခါးက ကြီးလွန်းတယ်မဟုတ်ပေမယ့်လည်း အကျယ်နှစ်မီတာရှိပြီး ၀င်ရောက်ဖို့တော့ လုံလောက်ပါတယ်။ မြို့ရိုးကို ခိုင်ခံ့စေဖို့အတွက် အုတ်မြစ်ကို အဆောက်အဦတွေဆောက်တုန်းကထက် ပိုနက်အောင် တူးကြတယ်။လမ်းတစ်လျှောက်ရှိ ကျောက်တုံးတွေကို အစောကြီးကတည်းက ရှင်းလင်းပြီးခဲ့ရာ ဒီနေရာမှာ ကျောက်ခဲအချို့ ကျန်ခဲ့ပေမယ့်လည်း ပြဿနာများစွာကို ရှောင်ရှားနိုင်ခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now