Chapter 20.2

4.8K 822 7
                                    

(Unicode)

မျက်စိတမှိတ်အတွင်းမှာပဲ အစာစုဆောင်းဖို့အတွက် အပြင်ထွက်ဖို့ မျိုးနွယ်စုက စုရုံးကြတဲ့အချိန်ကိုရောက်တဲ့အခါ လိန်းကျယ်က မနက်စောစောရောက်လာခဲ့တယ်။ပိုင်မုနဲ့အန်းချီလော့က သူတို့ရဲ့ကျောပေါ်မှာ ခြင်းတောင်းတွေကို သယ်ထားကြတယ်။လူတိုင်းရဲ့အပြာရောင်ဝါးခွက်တွေကို ရေတွေဖြည့်ထားပြီး ဖော့ဆို့ထားကာ ခြင်းတောင်းထဲ ၎င်းကို ထည့်ထားကြတယ်။အရာရာတိုင်းကို ပြင်ဆင်ပြီးနောက် orcsနှစ်ယောက်က သားရဲအသွင်ကို ပြောင်းလိုက်ကြပြီး ကျောက်တုံးကြီးဘေးက ကွင်းပြင်ထဲမှာ စုရုံးဖို့အတွက် သူတို့ကြိုက်နှစ်သက်ရတဲ့မိန်းမပျိုတွေကို သယ်ဆောင်ခဲ့ကြတယ်။တပေါကလည်းပဲ သားရဲအသွင်ပြောင်းလိုက်ပြီး သူတို့နောက်က *တွဲလောင်းလေး လိုက်သွားခဲ့တယ်။(*အမြီးလေးလို တကောက်ကောက်ပါသွားတာကို ပြောချင်တာလားမသိ)

ဒီနေ့ မျိုးနွယ်စုထဲက မိန်းမပျိုတွေနဲ့ ကလေးတွေက အရမ်းစိတ်လှုပ်ရှားနေကြတယ်။အထူးသဖြင့် မျိုးနွယ်စုထဲက အပြင်ထွက်ခွင့်ရထားတဲ့ကလေးတွေပါပဲ။ဒီနေ့မှာ သူတို့အကုန်လုံးက တောအုပ်‌ထဲသွားတဲ့ သူတို့ရဲ့အဖေတွေနဲ့အမေတွေနောက် လိုက်သွားနိုင်တာကြောင့်ပါ။ဒီနေ့မှာ မိန်းမပျိုတွေက တောနက်ထဲက အစားအစာအမျိုးအစားအားလုံးကို စုဆောင်းမှာဖြစ်ပြီး orcsတွေက သူတို့ကို ကာကွယ်ဖို့ နောက်ကလိုက်ပေးကြလိမ့်မယ်။ပြီးတော့ orcsတွေက orcsလေးတွေကို အမဲလိုက်ဖို့ သင်ကြားပေးကြမှာဖြစ်တယ်။

တပေါက အစာကို ကိုယ်တိုင်အမဲလိုက်ဖို့ ကြိုးစားကြည့်ချင်နေခဲ့တာ ကြာပြီဖြစ်ပေမယ့် သူ့အစ်ကိုကြီးက  သူငယ်သေးတာမို့လို့ သူက သူ့အစာကို မရှာသင့်သေးဘူးလို့ အမြဲပြောတယ်။ဒီနေ့မှာတော့ ဒါက သူ့ရဲ့ပထမဆုံးလက်တွေ့အမဲလိုက်တာပဲ။သူ မနေ့တည်းက အရမ်းစိတ်လှုပ်ရှားနေခဲ့တာ။

သူတို့ကျောက်တုံးကြီးဘေးက ကွင်းပြင်ကို ရောက်တဲ့အခါ လူအများကြီးက နေရာမှာ စုရုံးနေခဲ့ပါပြီ။ပိုင်မုနဲ့ တခြားသူတွေရောက်လာပြီးနောက် လူတိုင်းက သူတို့ကျောပေါ်က အရာတွေကို သိချင်စိတ်ပြင်းပြစွာနဲ့ ကြည့်လိုက်ကြတယ်။အန်းချီလော့ကို သိတဲ့မိန်းမပျိုတွေက ဟယ်လိုလို့ပြောဖို့ အရှေ့ထွက်လာကြပြီး အန်းချီလော့ကို မေးခဲ့ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now