Chapter 27.2

4.4K 754 13
                                    

(Unicode)

"အမ် ကျွန်တော်ရော နေလို့ရလား"ဒီနေရာက အရမ်းတက်ကြွနေတာကို ကေစီကမြင်ပြီး သူကလည်းပဲ နောက်ကျောလွယ်ခြင်းတောင်းရက်တာကို သင်ယူချင်တယ်။အရေးအကြီးဆုံးအရာကတော့ ပိုင်မုက ဘယ်လောက်ကောင်းမွန်ပြီး သူဘယ်နေရာမှာ ရှုံးနိမ့်သွားရလဲဆိုတာကို သူမြင်ချင်တယ်။ပိုင်မုရဲ့သွင်ပြင်က သူ့လောက်တောင်မကောင်းမွန်တာကို မြင်တော့ သူ(ပိုင်မု)က မျိုးနွယ်စုထဲက လူတွေကို အရာအသစ်‌တွေ အများကြီးသင်ပေးခဲ့တာတောင် သူက သူ့*ညို့ဓာတ်နဲ့ မလိုက်ဖက်‌ဖြစ်နေတုန်းပဲလို့ ကေစီက ခံစားရတယ်။(ရုပ်ရည်သူ့လောက်မလှတော့ ညို့ဓာတ်ရှိတယ်ဆိုတာနဲ့ မလိုက်ဖက်နေဘူးလို့ သူပြောချင်တာပါ)

ဒါပေမယ့် နှမျောစရာပဲ။သူ ခဲယ်လ်တစ်ရဲ့မျက်၀န်းတွေနဲ့ သူ့(ပိုင်မု)ကို သူ(ခဲယ်လ်တစ်)ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို သူမြင်တဲ့အခါ သေချာပေါက်ကို မျှော်လင့်မဲ့သွားပြီဆိုတာကို သူသိခဲ့တယ်။ဒါဆို တခြားဘယ်သူထက်မဆို ပိုပြီးလှပတဲ့ ကလေးတစ်ယောက်ရဖို့ဆိုတာ ဖြစ်နိုင်တော့မှာ မဟုတ်ဘူးပဲ။ခဲယ်လ်တစ်နဲ့ချစ်ကျွမ်း၀င်ရတဲ့ ကေစီရဲ့ခံစားချက်တွေက သူ့ထက်ပိုပြီး လှပတဲ့ကလေးတစ်ယောက်ရဖို့သာလျှင်ဖြစ်တယ်။ကေစီရဲ့အတွေးတွေကို သိပြီးနောက်မှာ လူတိုင်း ဘယ်လိုခံစားရမလဲဆိုတာတော့ သူ(ကေစီ)မသိပါဘူး။(အိုင်း သူလေးကို မိတ်ဆက်ပြီးတည်းက သူ့အတွေးလေးတွေက အဲ့လိုကလေးဆန်မယ်ဆိုတာ ကြိုသိတယ်>_<)

အဲ့ဒီနောက် ကေစီက အယ်လ်ဗင်နဲ့အတူလာနေတာကို လူတိုင်းက တွေ့သွားတယ်။အိန်ဂျလိုရဲ့နှလုံးသားထဲမှာတော့ ဒရမ်တွေတီးနေပြီ။ကေစီက သူ့အစ်ကိုကြီးကိုသဘောကျတယ်ဆိုတာ သူတို့အားလုံးသိကြတယ်။ပိုင်မုသာမရှိရင် သူက လှပတဲ့tower(မရီး)တစ်ယောက်ရှိလာတာကို စိတ်ရှိမှာမဟုတ်ပေမယ့် အခု သူ့အစ်ကိုကြီးက ပိုင်မုကို သဘောကျပြီး သူတို့ကလည်း သူ(ခဲယ်လ်တစ်)နဲ့ပိုင်မုက အတူရှိသွားမှာကို သဘောတူကြတယ်။ကေစီက သူ့အစ်ကိုကြီးကို လက်လျှော့ပေးမှာလား?

မိန်းမပျိုတွေကို ရက်လုပ်ဖို့ သင်ပေးတာက ပိုင်မုရဲ့အလုပ်ဖြစ်တယ်။ခဲယ်လ်တာက သူ့(ပိုင်မု)ကို ကြည့်လိုက်ပြီး သူ့(ပိုင်မု)ရဲ့အဖြေကို စောင့်နေတယ်။လူအများကြီးဖြစ်‌မနေတာကို ပိုင်မုကတွေးလိုက်ပြီး ဒါကြောင့် သူက ပြောခဲ့တယ်။"မင်း နေမယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ဒါပေမယ့် မင်းမှာပြင်ဆင်ထားတဲ့ ပါ၀င်ပစ္စည်းတွေမရှိရင် ဘယ်လိုသင်ယူမှာလဲ"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now