Chapter 40.1

3.2K 540 1
                                    

Marry christmas 💚❤

Unicode

"ဟုတ်ပြီ ဟုတ်ပြီ" အားမိုက ထပ်ခါထပ်ခါပြောလိုက်ပြီး အန်ဒီကို ပွေ့ဖက်လိုက်ကာ သူ့ကို တိရိစ္ဆာန်သားရေ ထူထူဖုံးလွှမ်းထားတဲ့ သစ်သားကုတင်ပေါ်မှာ ညင်သာစွာ ချထားလိုက်တယ်။ ပြီးတော့ သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ညင်ညင်သာသာပြောလိုက်တယ်။"မကြောက်ပါနဲ့၊ တာ့ဝူက ချက်ချင်းရောက်လာမှာ ကိုယ်လည်း မင်းနဲ့အမြဲတူတူရှိနေတာပဲ မင်းအဆင်ပြေသွားလိမ့်မယ်"

"အားမို ငါနာနေတယ်” အန်ဒီက အားမိုရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့နှလုံးသားထဲက အကြောက်တရားနဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို သက်သာဖို့ မျှော်လင့်နေတယ်။

အားမိုက သူ့လက်ဖမိုးကို နမ်းလိုက်ပြီး ပြောလိုက်တယ်။  "မင်းခံနိုင်ရည် ရှိပါတယ်၊တာ့ဝူက မကြာခင် ဒီကိုရောက်လာတော့မှာပါ"

"တာ့ဝူဒီကိုရောက်လာတာကို ကျ္န်တော်သွားကြည့်ပေးမယ် " ပိုင်မုက အန်ဒီရဲ့နာကျင်လို့ ပုံပျက်နေတဲ့အမူအရာကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားတယ်။ သူက ဆင်ခြေတစ်ခုနဲ့  တံခါးဆီ ပြေးသွားပြီး တာ့ဝူနဲ့ တခြားသူတွေရောက်လာတာကို စောင့်နေလိုက်တယ်။မကြာခင်မှာပဲ ခဲယ်လ်တစ်က ခြင်းတောင်းကိုလက်ထဲသယ်လာတဲ့ စုန်းမကြီးနဲ့အတူရောက်လာခဲ့တယ်။

"တာ့ဝူ တာ့ဝူ အန်ဒီမွေးတော့မှာလားဆိုတာ လာကြည့်ပါဦး"သူ တာ့ဝူရဲ့ အသက်ရှုသံကို ကြားလိုက်ရတဲ့အခါ အတွင်းခန်းထဲက အားမိုက စိုးရိမ်တကြီး စူးစူးဝါးဝါးအော်လိုက်တယ်။ တာ့ဝူက ခြင်းတောင်းကို သယ်ပြီး အတွင်းခန်းထဲကို အလျင်စလိုပြေးသွားတယ်။

"အန်ဒီ မွေးတော့မယ်"တာ့ဝူက စစ်ဆေးပြီးနောက် ကောက်ချက်ချခဲ့တယ်။ တာ့ဝူရောက်လာတာကို အန်ဒီမြင်ပြီး တော်တော်စိတ်အေးသွားခဲ့တယ်။

"တာ့ဝူ ကျုပ်တို့ ဘာလုပ်ပေးဖို့လိုလဲ"ခဲယ်လ်တစ်က ဝင်လာပြီး တာ့ဝူကိုကြည့်လိုက်တယ်။ ပိုင်မုက မဝင်ရဲတဲ့အတွက် သူက သူ့(ခဲယ်လ်တစ်)ကိုမေးခိုင်းလိုက်တာ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now