Chapter 62.2

2K 323 5
                                    

Unicode

Chapter 62.2

Er က တိုက်ပွဲကွင်းပြင်ကို ဆက်ရင်ဆိုင်ဖို့နဲ့ သားရဲအုပ်ထဲက ဧကရာဇ်သားရဲကို အမြဲသတိထားဖို့ ချက်ချင်းအမိန့်ပေးလိုက်တယ်။  ထို့အပြင် ဧကရာဇ်သားရဲရဲ့သဲလွန်စတွေကို အမြဲဂရုစိုက်ဖို့နဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေကို ဟန့်တားဖို့အတွက် orc ငါးယောက်ကို ကောင်းကင်ပေါ်မှာ ပျံသန်းနေဖို့ စေလွှတ်ခဲ့တယ်။ မျိုးနွယ်စုထဲက အကောင်းဆုံးစစ်သည်ငါးဦးဖြစ်တဲ့  ဇက်ခ်ရိ၊ အားမို ၊ နမ့်နဲ့ ကျားတောင်ပံစစ်သည် နှစ်ဦးဖြစ်တဲ့ဒစ်ခ်နဲ့ ဂါဘရီရယ်တို့က ဒီအရမ်းအန္တရာယ်ကြီးတဲ့ မစ်ရှင်ကိုယူခဲ့ကြတယ်။

ဘယ်ကီနဲ့ ဘတ်ဒ်တို့အဖွဲ့နှစ်ဖွဲ့က ပြင်းထန်တဲ့ဒဏ်ရာငါးခုရခဲ့ပြီး အသေးစား ဒဏ်ရာဆယ်ခုကျော်နဲ့ နောက်ဆုံးမှာ ငှက်အားလုံးကို သုတ်သင်ရှင်းလင်းပြီးနောက် သတင်းပေးပို့မှုကို စောင့်ဆိုင်းဖို့ ဂူထဲ ပြန်သွားခဲ့ကြတယ်။  ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေက ကြီးမြတ်တဲ့စုန်းမဆီက ဆေးကုသမှုခံယူဖို့ ဂူထဲမှာ ကျန်ရစ်ခဲ့တယ်။ အသေးစားဒဏ်ရာအနည်းငယ်ကို ရိုးရိုးရှင်းရှင်းနဲ့ ကုသမှုခံယူပြီးနောက် ဆက်တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ။

ပိုင်မုက ဒဏ်ရာအနည်းငယ်ရသွားတဲ့ လူဆယ်ဦးကျော်ကို ကြည့်လိုက်တယ်။  အခြေခံအားဖြင့် သူတို့က ငှက်တွေရဲ့ချွန်ထက်တဲ့ခြေသည်းတွေနဲ့ ကုတ်ခြစ်တာ ဒါမှမဟုတ် ချွန်ထက်တဲ့နှုတ်သီးတွေနဲ့  ကိုက်တာခံရတာ။ ဒါပေမယ့်လည်း လူတွေက ပျံသန်းဖို့ ဖြစ်နိုင်ပါသေးတယ်။ပိုင်မုက  အကောင်းဆုံးမြားပစ်စွမ်းရည်ရှိတဲ့ မိန်းမပျို 10 ဦးကို ရွေးချယ်ခဲ့ပြီး မြှားများစွာကို ယူဆောင်ကာ ဧကရာဇ်သားရဲကို ဟန့်တားဖို့ orcs‌လေးတွေကို ခေါ်သွားခဲ့တယ်။ကျန်ရှိလူတွေကို အုပ်စုနှစ်စုခွဲလိုက်ပြီး အုပ်စုတစ်စုက ဟန့်တားဖို့သွားရမယ့် မိန်းမပျိုတွေကို ငှက်တွေ ရုတ်တရက်ပေါ်လာပြီး ထိခိုက်ဒဏ်ရာရအောင်လုပ်တာကနေ ကာကွယ်ဖို့နဲ့ ကျန်အုပ်စုက အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုတွေအတွက် အပြင်ထွက်သွားရမယ့် orcs လေးတွေကို ကာကွယ်ပြီး ထောင်ချောက်ထဲက သားရဲအသေကောင်တွေကို ရှင်းလင်းဖို့ တာ၀န်ရှိပါတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now