Chapter 50.1

2.7K 427 3
                                    

Unicode

ဆောင်းရာသီအတွက် ပြင်ဆင်ဖို့ သူတို့ ပြန်ကြမှာကြောင့် ကျားတောင်ပံမျိုးနွယ်စု၀င်တွေက ခြင်္သေ့တောင်ပံမျိုးနွယ်စုမှာ ကြာကြာမနေခဲ့ကြဘူး။ ဒီတစ်ကြိမ်မှာတော့ ဘန်ဆွန်ကလည်း မျိုးနွယ်စုနဲ့အတူ ပြန်မှာဖြစ်ပြီး ဆောင်းရာသီအတွက်အစားအစာပြင်ဆင်ဖို့ သူပြန်သွားရမယ်။ လာမယ့်နွေဦးရာသီမှာတော့ သူ သေချာပေါက် ပြန်လာမှာပါ။ ဒီမှာ သူသင်ယူချင်တဲ့အရာတွေ အများကြီးရှိနေသေးဆဲဖြစ်ပြီး အခုသူသတိရတဲ့လူလည်း ရှိနေပြီဖြစ်တယ်။

ဘန်ဆွန်ပြန်လာမလားဆိုတာကို နည်းနည်းလေးမသိချင်သလို ကေစီခံစားရတယ်။ ဒါပေမယ့် သူက သူ့ခံစားချက်အမှန်ကို နားမလည်တာပါ။ ဘာပဲဖြစ်ဖြစ် သူက လာမယ့်နွေဦးရာသီကျရင် ရောက်လာမှာပဲကို။

ဆောင်းရာသီရဲ့ခြေလှမ်းက တဖြည်းဖြည်းနီးလာပြီး မျိုးနွယ်စုခေါင်းဆောင်က ဆောင်းတွင်းအခြေအနေအတွက် အနည်းငယ်စိုးရိမ်နေသေးတာကြောင့် တာ့ဝူကို သွားရှာခဲ့တယ်။ "တာ့ဝူ ဒီဆောင်းရာသီကို ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မယ်လို့ မင်းထင်လား၊ကြီးမြတ်တဲ့ဘုရားသခင်ဆီက ညွှန်ကြားချက်တစ်ခုခုများ မရှိဘူးလား" စကားပြောပြီးနောက် မျိုးနွယ်စုခေါင်းဆောင်က တာ့ဝူကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး သူ့အဖြေကိုစောင့်နေတယ်။

"နတ်ဘုရားတမန်တော်ဆီမှာတော့ ရှိကောင်းရှိနိုင်တယ် ကြီးမြတ်တဲ့ဘုရားသခင်က ဘာညွှန်ကြားချက်မှမပေးထားဘူး" တာ့ဝူက ခေါင်းယမ်းလိုက်တယ်။ မျိုးနွယ်စုခေါင်းဆောင်ရဲ့စိုးရိမ်ပူပန်မှုကို သူနားလည်နိုင်တယ်။ ဆောင်းရာသီတိုင်းမှာ မျိုးနွယ်စု၀င်တွေ ဆုံးရှုံးလိမ့်မယ်။ အစားအစာကို အချိန်အကြာကြီးသိုလှောင်နိုင်တဲ့နည်းလမ်းရှိရင်တောင် သားရဲတွေရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာက ရှိနေသေးတယ်။

"တကယ်လား? ဒီနှစ်မှာ တမန်တော်ရဲ့ကောင်းချီးတွေကို ငါတို့တဖြည်းဖြည်းချင်း အသုံးပြုနိုင်မယ်လို့ ငါမျှော်လင့်တယ်"

"ဟုတ်တယ် အဲဒါက အနာဂတ်မှာ ကောင်းသထက် ပိုကောင်းလာဖို့ပဲရှိတယ်"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now