Chapter 72

2.3K 360 2
                                    

Unicode

Chapter 72.1

ကလန်ကိုပြန်ရောက်ပြီးနောက် ပုကျီနဲ့ Er တို့က မျိုးနွယ်စုရဲ့ ပြောင်းရွှေ့ခြင်းအကြောင်း ဆွေးနွေးဖို့အတွက် သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို ခေါ်ယူလိုက်ကြတယ်။ ခြင်္သေ့တောင်ပံမျိုးနွယ်စုက ဆုံးဖြတ်ချက်တစ်ခု အမြန်ချလိုက်တယ်။ သူတို့ အသက်ရှင်သန်ဖို့ရာအတွက် သူတို့ရဲ့ မွေးရပ်မြေကို စွန့်ခွာဖို့ ရည်ရွယ်ချက်မရှိပေမယ့် မြင့်မြတ်တဲ့မြေမှာ သူတို့မိသားစု၀င်တွေကို မြှုပ်နှံထားရတဲ့ orcs တစ်ချို့ကတော့ အဲဒီနေရာမှာ ထာဝစဉ်လဲလျောင်းနေရတဲ့သူတွေကို လက်မလွှတ်နိုင်ကြဘူး။

ရွှေ့ပြောင်းနေထိုင်ပြီးနောက် မျိုးနွယ်စုနှစ်ခု အတူတကွ နေထိုင်မယ် ဒါမှမဟုတ် ရွှေ့ပြောင်းနေထိုင်ပြီးနောက် အချင်းချင်း ရဲ့အနီးနားမှာ နေထိုင်မယ်ဆိုတာတွေက အရေးမကြီးပါဘူး။ မည်သို့ပင်ဆိုစေကာမူ အတူတကွနေထိုင်ကြရဆဲပဲမဟုတ်လား။

ကျားတောင်ပံတွေကတော့ ခြင်္သေ့တောင်ပံတွေထက်စာရင် ပိုရှုပ်ထွေးပါတယ်။ အဲ့ဒီကျားကြီးတွေက မျိုးနွယ်စုခေါင်းဆောင်ပြောတာကို ကြားပြီးတာတောင် ခဏလောက် နားမလည်နိုင်ဖြစ် နေကြသေးတယ်။ အဆုံးမှာတော့ ချိုင့်၀ှမ်းထဲ ဝင်ရောက်နေထိုင်မယ့်ဘက်ခြမ်းမှာ နေလိုက်ကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး ခြင်္သေ့တောင်ပံမျိုးနွယ်စုနဲ့ ချိုင့်၀ှမ်းကို တစ်ဝက်စီခွဲကာ နေထိုင်ဖို့လုပ်လိုက်ကြတယ်။

ပိုင်မု ဒီသတင်းကိုကြားတော့ သူ ရယ်လိုက်မိတယ်။ အချိန်အတော်ကြာပြီးနောက်မှာ သူတို့‌တွေက သေချာပေါက် ရောနှောသွားလိမ့်မယ်လို့ သမိုင်းတွေက ပြောနေတယ်လေ။ ကေစီနဲ့ဘန်ဆွန်အကြားက မသေချာမရေရာမှုလေးတွေကို တွေးတောရင်း  အနာဂတ်မှာ ဒါကို ပိုမြင်လာရနိုင်ဖွယ်ရှိတယ်လို့ ပိုင်မုထင်တယ်။

ယေဘုယျဦးတည်ချက်ကို ဆုံးဖြတ်ထားပြီးဖြစ်ပေမယ့်လည်း စီစဉ်ရမယ့် အထူးကိစ္စတွေ ရှိပါသေးတယ်။ ထို့အပြင် ပိုင်မုရဲ့အုတ်ခဲဖုတ်မယ့်ကိစ္စကိုလည်း အခုထိ သေသေချာချာ မလေ့လာရသေးပါဘူး။ အုတ်ခဲဖုတ်ခြင်းကို လေ့လာဖို့ အခု သူက မျိုးနွယ်စုထဲကနေ လိမ္မာပါးနပ်တဲ့ orcs တွေ၊ မိန်းမပျိုတွေနဲ့ အိုးလုပ်ခြင်းနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်း၀င်တဲ့ သက်ကြီးရွယ်အိုတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now