Chapter 34.1

3.6K 646 13
                                    

(Unicode)

"အစ်ကိုကြီးပိုင်မု၊ ဒီစွပ်ပြုတ်က အရမ်းမွှေးတာပဲ ဒီည စွပ်ပြုတ်ပဲ သောက်ရအောင်လေ "အားမိုထွက်သွားပြီးနောက် အန်းချီလော့က ပိုင်မုကို ပြောလိုက်တယ်။  ပိုင်မု အစားအစာအသစ်တွေနဲ့ ပြန်လာကတည်းက သူ စားရဖို့ မျှော်လင့်နေခဲ့တာ။ ဒါ့အပြင်၊ အစ်ကိုကြီးပိုင်မုက သူ့ကို အသားကင်ပဲ လုပ်ခွင့်ပေးထားတော့  သူ အစားကောင်းကောင်းစားရမယ်လို့ တွေးနေတာ။

"ဟုတ်ပါပြီ၊ ဒီနေ့အတွက် အရသာရှိတဲ့ အစားအစာတွေ အများကြီး ကျန်ပါသေးတယ်" ပိုင်မုက ပြုံးလိုက်တယ်။အန်းချီလော့က တပေါနဲ့ တကယ်ကို တူတာပဲ။

ပိုင်မုက ခဲယ်လ်တစ်ကို အလေးချိန် ၄၀ ကီလိုဂရမ်ကျော်ရှိတဲ့ Baobab အသီးကို လှီးခိုင်းပြီး အသားနဲ့အတူ မီးပေါ်တင်လိုက်တယ်။ စာအုပ်ကပြောတာတော့ baobab အသီးက ဖုတ်ပြီးရင် ပေါင်မုန့်လို အရသာရှိတယ်တဲ့၊ မှန်လားဆိုတာတော့ သူလည်းမသိဘူး။ အိန်ဂျလိုက ဖရဲသီးကို အခွံခွာဖို့ လုပ်နေပြီး သူကတော့  ခရမ်းချဉ်သီးငှက်ဥစွပ်ပြုတ်ကို လုပ်နေရတာကြောင့် အလုပ်များနေတယ်။

"လိန်းကျယ် ဒီနေ့ဘာလို့မလာတာလဲ" လိန်းကျယ်ကို ဒီနေ့ မတွေ့မိတာ ပိုင်မုအတွက် ထူးဆန်းနေတယ်။

  "အိမ်မှာ အသားများများစားစား မရှိတာကို သူတွေ့လို့ နေ့လည်က အမဲလိုက်သွားတယ် သူ ခနနေ ပြန်လာသင့်ပြီ" အန်းချီလော့က ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ လိန်းကျယ် ပြန်လာသင့်နေပြီ။  အန္တရာယ်တစ်ခုခု  သူကြုံနေရတာများလား။

ခဲယ်လ်တစ်က နည်းနည်းရှက်သွားတယ်။  သူ ပိုင်မုနဲ့တူတူရှိချင်တာနဲ့ပဲ အပြင်ထွက်သွားတုန်းက အမဲလိုက်ဖို့တောင် မေ့သွားတယ်။  သူက တကယ်ကို ပေါ့ဆတတ်တဲ့ မုဆိုးတစ်ယောက်ပဲ။

"ကျွန်တော် ပြန်ရောက်ပါပြီ၊ အစ်ကိုကြီးပိုင်မု ဒီနေ့ ဘာစားကြမှာလဲ။ ကျွန်တော့်သူငယ်ချင်းတွေကို ခေါ်လာခဲ့တယ်" တံခါးဝကိုတောင် မရောက်သေးဘူး။စကြွားသံကြားရပြီးမှ ခြင်္သေ့လေးက ရောက်လာခဲ့တယ်။

"ဒီ‌ညနေ(ညစာ)ကတော့ အရမ်းအရသာရှိတယ် မင်းအစ်ကိုကြီးနဲ့ ငါ ဒီနေ့ တောထဲမှာ စားစရာတွေ အများကြီးတွေ့ခဲ့တယ်" သူပြန်ခေါ်လာတဲ့ သူငယ်ချင်းက ဖေးကျီဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ(ပိုင်မု)နောက်ဆုံးတစ်ခေါက်က တွေ့ဖူးတဲ့ Orcလေး ဘန်ထလေဆိုတာကို ပိုင်မု မြင်လိုက်ရတယ်။ ဒီကောင်လေးကတော့ ငယ်ငယ်လေးကတည်းက မိန်းကလေးတွေကို  လိုက်ပိုးနေပြီလို့ သူတွေးမိသွားတယ်။  အာ မဟုတ်သေးဘူး၊ အဲဒါ ယောက်ျားလေး မဟုတ်ဘူးပဲ။  အင်း၊ ဒါက မမှန်ဘူးထင်‌ရပေမယ့် ၊ မိန်းမပျိုဖြစ်သင့်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now