Chapter 18.2

4.9K 859 5
                                    

(Unicode)

သူတို့နှစ်ယောက်က တိရိစ္ဆာန်သားရေတွေကို အစကြီးကြီးတစ်ခုနဲ့ ထုပ်လိုက်ပြီး အပြင်ထွက်ခဲ့ကြတယ်။သူတို့ချောင်းစွယ်လေးကို ရောက်တဲ့အခါ နှစ်ယောက်သားက  တိရိစ္ဆာန်သားရေတွေကို သန့်ရှင်းတဲ့ကျောက်တုံးတစ်တုံးပေါ် တင်လိုက်ကြတယ်။အန်းချီလော့က  တိရိစ္ဆာန်သားရေတွေကို ဖြန့်ထုတ်လိုက်ပြီး  တိရိစ္ဆာန်သားရေအ၀တ်အစားတစ်ထည်ကို ယူထုတ်လိုက်ကာ စမ်းချောင်းနားက ကျောက်ပြားလေးတစ်ခုဆီ လျှောက်သွားတယ်။ပိုင်မုကလည်းပဲ  တိရိစ္ဆာန်သားရေစကပ်တစ်ထည်ကို ယူလိုက်ကာ အဲ့ဒီကို လျှောက်သွားခဲ့တယ်။

"ကျွန်တော်ဘယ်လို လျှော်ရမလဲ အန်းချီလော့"ပိုင်မုက ဒူးထောက်လိုက်ကာ တိရိစ္ဆာန်သားရေစကပ်ကို စိုအောင်လုပ်ပြီးနောက် ဘာလုပ်ရမယ်မှန်း မသိတော့ဘူး။

"အ၀တ်ပေါ်မှာ ပွတ်တိုက်ဖို့ ရှကူကော်ကို သုံးပြီး အမြုပ်တွေပေါ်လာရင်  တိရိစ္ဆာန်သားရေကို သန့်ရှင်းအောင် ပွတ်လို့ရတယ်"အန်းချီလော့က ပြောပြီး ကြက်ဥအရွယ်အစားလောက်ရှိတဲ့ ဥပုံသဏ္ဍာန်အဝါရောင်ပစ္စည်းတစ်ခုကို ယူထုတ်လိုက်တယ်။ထို့နောက် သူက ရှကူကော်လို့ခေါ်တာကြီးကိုကိုင်ပြီး စိုစွတ်နေတဲ့  တိရိစ္ဆာန်သားရေပေါ်မှာ ၎င်းကို ပွတ်တိုက်တော့တယ်။မျှော်လင့်ထားတဲ့အတိုင်း ခနကြာပြီးနောက်  တိရိစ္ဆာန်သားရေပေါ်မှာ အမြုပ်အနည်းငယ်ရှိလာတယ်။

"ကျွန်တော်လုပ်ကြည့်မယ်"ပိုင်မုက အန်းချီလော့လက်ထဲက ရှကူကော်ကို သိချင်စိတ်ပြင်းပြစွာနဲ့ ယူလိုက်ကာ ရေအနည်းငယ်ဆွတ်ထားတဲ့ရှကူကော်က ချောနေပြီး ဆပ်ပြာလိုမျိုး ခံစားရတယ်။သူက ဖျစ်(ညှစ်)ကြည့်လိုက်ပြီး အပြင်ခွံက မာကြောတာကို သိလိုက်ရတယ်။ထို့နောက် သူက သူ့ရဲ့နှာခေါင်းထိပ်အောက်မှာ ၎င်းကို ထားလိုက်ပြီး အနံ့ခံကြည့်ခဲ့တယ်။အဲ့ဒီမှာ သံပုရာအနံ့ဖျော့ဖျော့လေး ရှိနေတယ်။

ပိုင်မုက ဆပ်ပြာကို သုံးပြီး တိရိစ္ဆာန်သားရေစကပ်ကို စလျှော်လိုက်တယ်။ပိုင်မုက သူ့အစ်ကိုရဲ့ တိရိစ္ဆာန်သားရေစကပ်ကို လျှော်နေတာကိုမြင်ပြီး အန်းချီလော့က နက်နက်ရှိုင်းရှိုင်း မပြုံးလိုက်ပဲနဲ့ သူ့(ပိုင်မု)ကို ဟိုလိုသည်လို စိုက်ကြည့်တယ်။ပိုင်မု သူတို့ရဲ့towerဖြစ်လာမယ့်နေ့က သိပ်မဝေးတော့ဘူးနဲ့တူပါတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now