Chapter 2.2

10K 1.7K 22
                                    

(Unicode)

ပိုင်မုက သူရေခဲတိုက်ထဲမှာရှိနေသလိုမျိုး အရမ်းအေးစိမ့်‌နေတယ် ။သူက သူ့ဘေးက နွေးထွေးတဲ့အပူအရင်းအမြစ်ကို ခံစားမိတယ်။အဲ့ဒါက မီးဖိုတစ်ခုနဲ့တူတယ်။သူက မသိစိတ်ကနေ တိုးသွားမိပြီးတော့ နောက်ဆုံးမှာ သူအရမ်းအေးမနေတော့ဘူး။ထပ်ပြီး သူနောက်တစ်ကြိမ် မေ့မြောသွားပြန်တယ်။

ခဲယ်လ်တစ်ရှာခဲ့တဲ့ ဆေးဖက်၀င်အပင်တွေက အကျိုးသက်ရောက်မှုကောင်းကောင်းရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ပိုင်မုက မဖျားခဲ့ပေမယ့် အေးချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေခဲ့တယ်။ခဲယ်လ်တစ်က မိန်းမပျိုငယ်လေးနဲ့အတူ ညသန်းခေါင်မတိုင်ခင်ထိ အိပ်ခဲ့ပြီး အလင်းရောင်တောက်ပလာတာကို ခံစားမိတဲ့အခါ သူ့မျက်၀န်းတွေက နိုးကြားစွာနဲ့ ပွင့်လာခဲ့တယ်။သူက ဒဏ္ဍာရီတွေထဲက နတ်ဘုရားတွေရဲ့ဂု
ဏ်ကျက်သရေနဲ့တူတဲ့ နူးညံ့တဲ့ အဖြူရောင်အလင်းတန်းနဲ့အတူ အရောင်ဖြာတောက်ပနေတဲ့ မိန်းမပျိုငယ်လေးကို သူ့လက်မောင်းတွေထဲမှာ ရှိနေတာမြင်လိုက်ရတော့ သူ့နှလုံးသားထဲကနေ အံ့အားသင့်သွားတယ်။ဒီမိန်းမပျိုငယ်လေးက ဟိုးအရင်က ကြီးမြတ်တဲ့စုန်းမပြောခဲ့တဲ့ ဘုရားသခင်ရဲ့ တမန်တော်များလား?

ခဲယ်လ်တစ်က သူ့နှလုံးသားထဲကနေ အံ့အားသင့်နေသော်လည်း နည်းနည်းလေးမှ ထိတ်လန့်မနေပဲ တည်ငြိမ်နေတယ်။အဖြူရောင်အလင်းတန်းတွေထဲက သန့်စင်မွန်မြတ်တဲ့ မိန်းမပျိုငယ်လေးကို စိုက်ပဲကြည့်နေခဲ့တယ်။သူ့(ပိုင်မု)ရဲ့ဒဏ်ရာတွေက  အဖြူရောင်အလင်းတန်းတွေထဲမှာ ဖြည်းညှင်းစွာ ကုသခံနေရတာကို ခဲယ်လ်တစ်က တွေ့ရှိခဲ့တယ်။နေ၀င်သွားမှ အဖြူရောင်အလင်းတန်းက ဖြေးနှေးစွာ ပျောက်ကွယ်သွားတော့တယ်။

အဲ့ဒီအချိန်မှာ ပိုင်မုကတော့ သူကောင်းကင်ဘုံကို ရောက်နေပြီလို့ ‌အိပ်မက်မက်ခဲ့တယ်။အဲ့ဒါက ထူထပ်ပြီး စိမ်းလန်းစိုပြည်နေတဲ့ တောအုပ်နဲ့၀န်းရံနေတဲ့ သီးခြားနယ်မြေတစ်ခုပဲ။သူက အခု အဲ့ဒီထဲမှာ ရှိနေတာ။သူ့ရှေ့က ညာဖက်ခြမ်းမှာ မြေကွက်ခြောက်ကွက်ရှိနေတယ်။မြေကွက်လေးကွက်မှာ ကွဲပြားတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ထားပြီး မြေကွက်နှစ်ကွက်မှာတော့ ဘာမှရှိမနေဘူး။ဘယ်ဘက်ခြမ်းမှာတော့ တောင်ပေါ်ကနေ အောက်ကို စီးကျနေတဲ့ရေတံခွန်ရှိနေရာဖြစ်တဲ့ သေးငယ်တဲ့ရေကန်တစ်ခုရှိတယ်။ပိုင်မုရဲ့အနောက်ဖက်မှာတော့ လယ်တဲတစ်ခုရှိပြီး သူကအခု လယ်တဲရဲ့ အရှေ့ဖက်မှာရှိနေတဲ့ ကွင်းပြင်ထဲမှာ ရပ်နေခဲ့တာ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now