Chapter 60.2

2.1K 368 3
                                    

Unicode

"ပိုင်မု မင်းပင်ပန်းသွားရပြီ  အချိန်ကျရင် မင်းနဲ့ ပူးပေါင်းဖို့ တစ်ယောက်ယောက်ကို ကျုပ်စီစဉ်ပေးမယ်"မျိုးနွယ်စုခေါင်းဆောင်က ဒါကို အရမ်းထောက်ခံတယ်။သူက ဒီကိစ္စကိုလည်းပဲ စိုးရိမ်နေခဲ့တာ။

"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်"

ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့အကူအညီနဲ့ ကျားတောင်ပံမျိုးနွယ်စုက ချောမွေ့စွာ အခြေချနေထိုင်ခဲ့တယ်။ခဲယ်လ်တစ်ရွေ့ထုတ်လာတဲ့အစားအစာတွေနဲ့ ပိုင်မုရဲ့အိမ်က အစားအသောက်တွေက သူတိူ့အချိန်အကြာကြီးစားဖို့ လုံလောက်တယ်။ ဒါပေမယ့် နွေးထွေးမှုရဖို့အတွက် ကျောက်မီးသွေးကတော့ သိသိသာသာကို မလုံလောက်ပါဘူး။ နောက်ဆုံးမှာ မျိုးနွယ်စုထဲက  မိသားစုတစ်စုစီက အချို့ကို နှစ်ပိုင်းခွဲလိုက်ကြပြီး သူတို့ကို နည်းနည်းခွဲဝေပေးခဲ့ကြတယ်။

ထိုအချိန်မှာ ပိုင်မုက မျိုးနွယ်စုရဲ့ဟမ်းစတားမျိုးစိတ်လို မိန်းမပျိုတွေက  တကယ်ကိုအထောက်အကူဖြစ်တာပဲလို့ သက်ပြင်းချမိတယ်။ လူတိုင်းက သူတို့လိုအပ်တာထက် အများကြီး ပိုစုဆောင်းထားကြတယ်လေ။
ဤနည်းအားဖြင့် အချို့ကို ကျားတောင်ပံမျိုးနွယ်စုကို ပေးခဲ့ရင်တောင် သူတို့ကိုများစွာထိခိုက်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့် လူတွေရဲ့အမြင်မှာ အကြီးဆုံးဟမ်းစတာတွေကတော့ ပိုင်မုနဲ့ခဲယ်လ်တစ်တို့ပဲ ဖြစ်ပါတယ်။ ခဲယ်လ်တစ်ရဲ့အိမ်က ရွှေ့ထုတ်လာတဲ့အစားအစာအမြောက်အများကို ကြည့်လိုက်တဲ့အခါ ပိုင်မုက ဒီလောက်များတဲ့အရာတွေကို စုဆောင်းထားဖို့ အမြော်အမြင်ရှိတယ်လို့ လူတိုင်းကထင်ခဲ့ကြတယ်။

ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့အကူအညီအတွက် ကျားတောင်ပံမျိုးနွယ်စု၀င်တွေက အရမ်းကျေးဇူးတင်ခဲ့ကြတယ်။ အစားအစာအများစုက ဘုရားသခင်တမန်တော်ဆီကလာကြောင်း သူတို့သိကြတယ်။ ပိုင်မုကလည်း သားရဲတွေရဲ့ တိုက်ခိုက်မှုကိုခုခံဖို့ ဘုရားသခင်က မျှော်လင့်ချက်မထားတဲ့ မိန်းမပျိုတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ခေါ်သွားခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now