Chapter 80

2.6K 345 1
                                    

The following includes warning content. Read at your own risk.

Unicode

Chapter 80.1

ကေစီက အံသြနေတဲ့အကြည့်နဲ့ သူ့ရှေ့ရှိ ရှက်ရွံ့နေတဲ့သူကို စိုက်ကြည့်လိုက်တယ်။ ဒီလူရဲ့အသွင်အပြင်က ခဲယ်လ်တစ်ထက် မနိမ့်ကျဘဲ သူနဲ့အတူတူရှိလိုက်ရင် ချောမောလှပတဲ့ ကလေးလေးတစ်ယောက်ရှိလာမှာပဲ။ပြီးတော့ သူ သူ့ကို မမုန်းဘူး သူ့ကို ကြိုက်နေတုန်းပဲ။အဲ့ဒါကိုတွေးမိပြီး ကေစီက တောက်ပစွာ ပြုံးကာ ဘန်ဆွန်ဆီက ပန်းစည်းကိုယူပြီး သူ့ခေါင်းပေါ် ပန်းကုံးတင်ပေးဖို့ တိုက်တွန်းလိုက်တယ်။ ဘန်ဆွန်က ကေစီသဘောတူလိုက်တာကိုမြင်တဲ့အခါ တောက်ပစွာပြုံးလိုက်ပြီး သူ့ရဲ့ဖြူစင်သပ်ရပ်တဲ့သွားတွေက လူတိုင်းကို မှင်တက်သွားစေတယ်။

ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ လူငယ်orcs တွေက သူတို့မျိုးနွယ်စုရဲ့ နံပတ်တစ်အလှပဂေးလေးကို အခြားမျိုးနွယ်စုက orcsက ဖြားယောင်းသွားတဲ့အခါ ဖင်တကြွကြွဖြစ်သွားကြတယ်။ ကျားတောင်ပံမျိုးနွယ်စုမှ လှပတဲ့မိန်းမပျိုကို သူတို့ ပြန်လည်ဖြားယောင်းချင်ကြတယ်။ လူမျိုးစုကွဲပြားတဲ့ပြဿနာကိုတော့ သူတို့က လုံးဝကို လျစ်လျူရှုလိုက်ကြတယ်။

Er နဲ့ ပုကျီတို့ မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးက အနည်းငယ်စိုးရိမ်ခဲ့ကြတယ်။ ပြီးတော့ ဒီတိုက်ကြီးမှာ မျိုးနွယ်စုနှစ်ခုပေါင်းစည်းကြတာ မရှိပါဘူး။ အနာဂတ်မှာ မွေးလာတဲ့ကလေးက ကျားတောင်ပံလား ဒါမှမဟုတ် ခြင်္သေ့တောင်ပံလားဆိုတဲ့ မေးခွန်းက အရမ်းကို စိတ်ရှုပ်ထွေးစရာဖြစ်နေတုန်းပါပဲ။ (ခြင်္သေ့ရုပ်ကြီးနဲ့ ကျားလို အဝါအမည်းစင်းလေးတွေထွက်လာရင် ရယ်ချင်စရာလေးဖြစ်နေမှာ အဟီးဟီး)

သူတို့လိုရိုးရှင်းတဲ့လူတွေက မတူညီကွဲပြားတဲ့ မျိုးနွယ်စုနှစ်ခု အတူတူရှိမှာကို သဘောတူလို့ရလားဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့ဖူးကြဘူး။ ဒီနတ်ဘုရားပွဲတော်အတွင်းမှာ ချစ်သူစုံတွဲများစွာကို ဖန်တီးခဲ့ကြပြီး သူတို့ရဲ့ဘဝတွေလည်း ယခုအခါ တည်ငြိမ်နေပြီဖြစ်တယ်။ လာမယ့်နှစ် ကျင်းပမယ့်အခမ်းအနားမှာ စုံတွဲအများအပြား တွဲဖက်ကြလိမ့်မယ်လို့ထင်ပါတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now