Chapter 46.2

2.8K 450 2
                                    

Unicode

ဒီကမ္ဘာကြီးရဲ့ ပျမ်းမျှအသက်ဟာ ကမ္ဘာနဲ့ မတူဘူးလို့လည်း သူသင်ယူခဲ့ရပြီး အသက်100 ကျော်ပြီးနောက်မှသာ လူလတ်ပိုင်းအရွယ်ကို  ရောက်တယ်ဆိုတာကိုလည်း သူသိခဲ့ရတယ်။ ကြီးမြတ်တဲ့စုန်းမတိုင်းက သူတို့အသက် 100 ပြည့်ပြီးနောက်မှာ ကြီးမြတ်တဲ့စုန်းမရဲ့ နောက်မျိုးဆက်ကို လေ့ကျင့်ပေးလိမ့်မယ်။ ကြီးမြတ်တဲ့စုန်းမရဲ့ရွေးချယ်မှုကို နတ်ဘုရားတွေက အဆုံးအဖြတ်ပေးပြီး ရွေးချယ်ခံရတဲ့သူတွေအပေါ် ရွှေရောင်ပန်းပွင့်ပုံစံချန်ထားမှာဖြစ်တယ်။ မိသားစုထဲမှာ ဒီလိုကလေးတွေရှိတယ်ဆိုရင် ကြီးမြတ်တဲ့စုန်းမကို ပြောပြကြရပြီး ကြီးမြတ်တဲ့စုန်းမက သူတို့ကို ခေါ်သွားပြီး လေ့ကျင့်ပေးလိမ့်မယ်။

အားလုံး အရိုအသေပြုပြီးတဲ့အခါ ကြီးမြတ်တဲ့စုန်းမက ယဇ်ပလ္လင်ပေါ်မှာ ထူးဆန်းတဲ့အသံနဲ့ တီးတိုးပြောခဲ့တယ်။ ပိုင်မုက ရှင်းရှင်းလင်းလင်းကြားရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း ကူကယ်ရာမဲ့စွာနဲ့ပဲ သူနားလည်းမလည်နိုင်၊ ကြားလည်းမကြားနိုင်ပါဘူး။ဒါပေမယ့် ကြီးမြတ်တဲ့စုန်းမက ဒီဆောင်းရာသီမှာ လူတိုင်း ဘေးကင်းစွာ ဖြတ်သန်းနိုင်စေဖို့ ကြီးမြတ်တဲ့နတ်ဘုရားဆီမှာ  ဆုတောင်းနေတယ်ဆိုတာသူသိတယ်။ ကြီးမြတ်တဲ့နတ်ဘုရားက သူတို့ကို  ပေါများတဲ့အစာပေးလိမ့်မယ်လို့ သူတို့မျှော်လင့်တယ်။

တာ့ဝူက နာရီဝက် အရိုအသေပြုခဲ့ပြီး နောက်ကလိုက်ဆင်းလာသူအားလုံးက တစ်ကြိမ်အရိုအသေပြုကြကာ ကလေးငယ်တွေတောင်  ရည်မွန်တဲ့နည်းလမ်းနဲ့ အရိုအသေပြုကြတယ်။

ခြောက်ကြိမ်လောက်အရိုအသေပြုပြီးနောက် ကလေးတွေနဲ့ သက်ကြီးရွယ်အိုမိန်းမပျိုတွေရဲ့မျက်နှာတွေက မောပန်းနွမ်းနယ်နေကာ ယဇ်ပူဇော်မှုပြီးဆုံးသွားခဲ့တယ်။နောက်ဆုံးအကြိမ်အဖြစ် သုံးခုဆက်တိုက် ထုံးတမ်းစဉ်လာအပြီးမှာ ကြီးမြတ်တဲ့စုန်းမက အနောက်ဘက်ကို မျက်နှာလှည့်ပြီး ယဇ်ပလ္လင်အောက်က လူတွေကို ကြည့်လိုက်တယ်။ ထို့နောက် မျိုးနွယ်စုခေါင်းဆောင်က ယဇ်ပလ္လင်ပေါ်က ဆင်းခဲ့ပြီး ကျန်အချိန်တွေက လူငယ်အတွဲတွေရဲ့ တွဲဖက်ပွဲဖြစ်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now