Chapter 47.2

2.6K 467 6
                                    

Unicode

ထိုအချိန် သီချင်းဆိုသံတွေနဲ့အားပေးသံတွေ ထွက်ပေါ်လာတယ်။ အလယ်ဗဟိုဖြစ်တဲ့ ယဇ်ပလ္လင်တစ်ဝိုက်မှာ ကြီးမားတဲ့စက်ဝိုင်းပုံစံလုပ်ထားတဲ့လူတွေက စတင်သီဆိုကခုန်နေကြတာကို လူများစွာက မြင်လိုက်ရတယ်။ ကခုန်သူတွေက orcs တွေဖြစ်ပြီး သူတို့က သားရဲတွေလို ကနေကြတယ်။ အဲ့ဒါက မျိုးနွယ်စုအနည်းငယ်ရဲ့ မူရင်းအကဖြစ်တယ်။ သီချင်းဆိုနေတာက မိန်းမပျိုလေးတွေဖြစ်ပြီး သီချင်းက ထူးခြားဆန်းပြားပြီး ချစ်ခင်တဲ့ခံစားချက်တွေပြည့်နှက်နေတယ် ။

"စနေပြီ!" အန်ဒီက ထိုနေရာကို လှမ်းကြည့်ပြီးနောက် မရေမရာပြုံးလိုက်တယ်။

"ဘာစတာလဲ?" ပိုင်မုကအံ့အားသင့်စွာ မေးတယ်။ ဒါက လှုပ်ရှားမှုနောက်တစ်ခုလား ?ဒါဆို တာ့ဝူက ဘာလို့ သူ့ကိုယ်သူ မမိတ်ဆက်တာလဲ။

"လူငယ် orcကောင်လေးတွေက သူတို့အနှစ်သက်ဆုံး မိန်းမပျိုတွေကို သူတို့ခံစားချက်တွေကို ဖော်ပြကြတာလေ" အန်ဒီကပြုံးပြီး ခဲယ်လ်တစ်ကို ကြည့်လိုက်တယ်။ ပိုင်မုကို  တစ်ယောက်ယောက်က လာ၀န်ခံတာကိုမြင်ရဖို့ သူ စောင့်နေနိုင်ပါတယ်။

ခဲယ်လ်တစ်က အန်ဒီနဲ့အားမိုတို့ရဲ့ အရိပ်အယောင်ပြတာကို ခံစားလိုက်ရပြီး ပိုင်ရှင်က သူဖြစ်ကြောင်းကို  ပိုင်မုရဲ့လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်တယ်။ "ပိုင်မုက ငါ့အတွက်ပဲ အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့"

"ကြည့် တစ်ယောက်ယောက်က စ၀န်ခံနေပြီ" အားမိုက မနီးမဝေးက နေရာကို ညွှန်ပြလိုက်ပြီး လူငယ် orc တစ်ယောက်က  နူးညံ့သိမ်မွေ့တဲ့ မိန်းမပျိုလေးတစ်ယောက်ကို  သားရဲသွားတွေနဲ့ပြုလုပ်ထားတဲ့  ဆွဲကြိုးပေးလိုက်တာကို မြင်လိုက်ရတယ်။ မိန်းမပျိုလေးက ရှက်သွေးဖြာသွားပြီးနောက် ဆွဲကြိုးကို  ရှက်ကိုးရှက်ကန်းနဲ့ လက်ခံလိုက်တယ်။ လူငယ်orc က သူ့မျက်နှာပေါ်မှာ ပျော်ရွှင်နေတဲ့အပြုံးကို ပြလိုက်တယ်။ ဒါ​ပေမယ့်​ ဒါက မပြီးသေးပါဘူး။ သူတို့နှစ်​​ယောက်က လူအုပ်​ကြီးဝန်းရံထားတဲ့ စက်​ဝိုင်းနားကို  လျှောက်သွားကြပြီးနောက်  မိန်းမပျိုလေးက သီချင်းသီဆိုလိုက်ကာ  orc က အထူးတလည်ဖြစ်နေတဲ့အက,ကခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now