Chapter 46.1

2.8K 475 2
                                    

Unicode

ပွဲတော်က  လျင်မြန်စွာ ရောက်ရှိလာပြီ။ နောက်နေ့ကတော့ ယဇ်ပူဇော်ပွဲဖြစ်တယ်။ အဲ့ဒီညမှာ တာ့ဝူက ပိုင်မုဆီကို ရောက်ရှိလာပြီး  ယဇ်ပူဇော်ပွဲမှာ အာရုံစိုက်သင့်တဲ့ နတ်ဘုရားအချို့ကို ပြောပြခဲ့တယ်။ သူဘာလုပ်လို့ရပြီး ဘာကလုပ်လို့မရလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြောခဲ့တယ်။

တာ့ဝူက စေ့စေ့စပ်စပ်ရှိပြီး အရာရာကို ထည့်သွင်းစဉ်းစားထားတယ်လို့ ဆိုရမှာဖြစ်တယ်။ပွဲတော်နေ့မှာ ပိုင်မုက ယဇ်ပလ္လင်ကို သွားစရာမလိုဘဲ သာမန်လူတွေလိုမျိုး ဦးညွှတ်နေစရာမလိုဘူး။ ပိုင်မု အရိုအသေပြုရမှာက တာ့ဝူနဲ့ အတူတူပါပဲ။ အရိုအသေပြုတဲ့အပြုအမူက အရမ်းရိုးရှင်းတယ်။ ပိုင်မုက လျင်မြန်စွာ သင်ယူခဲ့ပြီး မပြန်ခင်မှာ ပြောစရာဘာမှမကျန်တော့ကြောင်း အတည်ပြုဖို့ တာ့ဝူ   စဉ်းစားခဲ့တယ်။

ကြီးမြတ်တဲ့ဘုရားသခင်တွေကို ပူဇော်တဲ့ဟာတွေက လတ်ဆတ်ပြီး အကောင်းဆုံးဖြစ်ရမယ်လို့ ဒီကလူတွေက အခိုင်အမာ ယုံကြည်ကြတယ်။ ပွဲတော်နေ့မှာ၊ ယဇ်ပူဇော်မယ့်အရာတွေရဲ့ လတ်ဆတ်မှုကို သေချာစေရန်အလို့ငှာ၊ ခဲယ်လ်တစ်နဲ့ မျိုးနွယ်စုက ရွေးချယ်ထားတဲ့လူငယ်စစ်သည် ၁၀၀ က ဒီနေ့ယဇ်ပူဇော်ဖို့အတွက် အသက်ရှင်နေတဲ့ ယဇ်ကောင်တွေကို အမဲလိုက်ဖို့နဲ့ အရုဏ်မတက်ခင် ယဇ်ပူဇော်ဖို့အတွက် သစ်သီးတွေကို စုဆောင်းဖို့ အုပ်စုဆယ်စုခွဲခဲ့တယ်။ငယ်ရွယ်တဲ့ orcs တွေအတွက်  ကြီးမြတ်တဲ့ဘုရားသခင်အတွက် ယဇ်ပူဇော်နိုင်ဖို့ ပြင်ဆင်တာကလည်း အရမ်းဂုဏ်ကျက်သရေရှိတဲ့အရာတစ်ခုဖြစ်တယ်။

ပြီးတော့ ဒါက ရိုးရှင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကြီးမားတဲ့သားရဲဆယ်ကောင်ကို ယဇ်ကောင်အဖြစ် ဖမ်းယူပြီး အာရုဏ်မတက်ခင် သစ်သီးတွေ လုံလုံလောက်လောက် စုဆောင်းဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒါကြောင့် ဒီတကြိမ် မျိုးနွယ်စုက ရွေးချယ်ထားတဲ့စစ်သည်‌တွေက သန်မာတဲ့မုဆိုးတွေဖြစ်ပြီး  orcsတွေက အချိန်မီ တာ၀န်ပြီးစီးနိုင်စေမှာသေချာပါတယ်။

orc စစ်သည်တော်တွေက အာရုဏ်တက်ပြီးနောက် သူတို့ရဲ့သားကောင်တွေ၊ သစ်သီးတွေနဲ့အတူ ပြန်လာကြတယ်။ သူတို့က မျိုးနွယ်စုထဲက မုဆိုးဟောင်းတွေဆီ အပ်လိုက်ပြီးနောက် နောက်ဆက်တွဲလုပ်ငန်းကို ပြင်ဆင်ကြပြီး အဝတ်အစားလဲဖို့ အိမ်ပြန်ကြတယ်။ ထို့နောက် သူတို့ရဲ့မိသားစုတွေနဲ့အတူ လူစုဖို့ ကွင်းပြင်ကို သွားခဲ့ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now